တစ်ကိုယ်တည်း ကာမဆန္ဒဖြေဖျောက်ခြင်း

Masturbation (မာစတာဘေးရှင်း) ဆိုတာ “ကျား” ဖြစ်ဖြစ်၊ “မ” ဖြစ်ဖြစ်၊ တယောက်ထဲနဲ့ လိင်ဆန္ဒအရ သာယာမှု ရှာတာပါ။ အမှန်က တယောက်ထဲ မဟုတ်တာ၊ “ကျား” ရော၊ “မ” ပါ နှစ်ယောက်ပါပြီး၊ လိင်အင်္ဂါချင်း မထိစပ်ဘဲနဲ့ အဲလိုလုပ်တာလဲ အကြုံးဝင်ပါတယ်။ ငြင်းကြ၊ ခုန်ကြတာကတော့ လုပ်သင့်၊ မသင့်၊ အကြိမ်များသင့်၊ မများသင့်။ ကျန်းမာရေး ထိခိုက်လား၊ လူမှုရေး၊ ဘာသာရေးအထိ ဆွဲစဉ်းစားကြတာတွေ ဖြစ်ပါတယ်။ (မာစတာဘေးရှင်း) လုပ်တယ်ဆိုတာ ပုံမှန် ( နော်မယ်လ်) အလေ့အထတခု ဖြစ်တယ်လို့ ပြောရင် ငြင်းဘို့ ခက်ပါတယ်။ (အက်ပ်-နော်မယ်) ပုံမှန်မဟုတ်ဘူး၊ လုပ်နေကြ မဟုတ်ဘူးလို့ သတ်မှတ်တာ မမှန်ပါ။ ဘယ်လောက် များများ လုပ်ကြသလဲ ဆိုတာကို သုတေသန လုပ်တာတွေ ကြည့်ရင် သူများ တိုင်းပြည်တွေမှာ ယောက်ျား ၉၅%၊ မိန်းမ ၆၅% လို့ ဖတ်ရတယ်။ ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် အရွယ်ငယ်ငယ်ကတည်းက လိင်စိတ်ဆိုတာ ပါနေကြပြီးသား ဖြစ်တယ်။ ကိုယ်ဝန် ရက်သတ္တပါတ် ၂ဝ ဆိုရင် အထဲက သန္ဓေသားမှာ မိန်းမကိုယ် နှုတ်ခမ်းသားအကြီး Labia ကို တွေ့ရင် မိန်းကလေး ဖြစ်တယ်လို့ (အာလ်ထွာဆောင်း) နဲ့ ကောင်းကောင်း သိရတယ်။ တကယ်တော့ ၁၂ ပါတ်ကတည်းက အထီး-အမ ခွဲခြား ဖြစ်နေပါပြီ။ ဗိုက်ထဲမှာကတည်းက Estrogen နဲ့ Progesterone ဆိုတဲ့ လိင်-ဟော်မုန်းတွေကို မအေရဲ့ အချင်း ကနေရတယ်။ အရွယ်ရောက်ချိန်မှာ စိတ်လှုတ်ရှားမှု၊ လေ့လာမှုနဲ့ မှတ်သားမှု Emotions, learning, and memory တွေက ဦးနှောက် မှာကို ထူးခြားလာပါတယ်။ ကလေးတွေ လိင်နဲ့ပတ်သက်ပြီး အသိတွေ ထူးလာလာတာက Puberty အရွယ်ရောက်ချိန်ထက် စောတယ်။ လိင်ပိုင်းဆိုင်ရာ ဟော်မုန်းတွေ ကောင်းကောင်း အလုပ်မလုပ်သေးခင်ကတည်းက စိတ်ပိုင်းဆိုင်ရာမှာ အနည်းနဲ့အများ၊ ဒီအသိစိတ်တွေ၊ အသိအမြင်တွေက တနေ့ထက် တနေ့၊ တိုးပွါး ရယူနေကြရတာ ဖြစ်တယ်။ လူကြီးမိဘတွေကနေ “သား ညစ်ပတ်တာတွေ မပြောရဘူး။” “သမီး ထိုင်ရင် မိန်းကလေးလိုထိုင်။” စသဖြင့် ဆိုဆုံးမကြတယ်။ အဲဒီကတည်းက ကလေးတွေဟာ “ဒါမျိုးတွေက မလုပ်ရမဲ့ဟာတွေ၊” “သူများမမြင်အောင်၊ မကြားအောင်၊ သိုသိပ်ရမဲ့ အရာတွေ၊” လို့ ခွဲခြား သတ်မှတ် လာကြတယ်။ 
မိန်းကလေးနဲ့ ယောက်ျားလေး ကွာပါတယ်။ (ဂျန်ဒါ-အီကွယ်လ်တီ) နဲ့ မဆိုင်ဘူးနော်။ သူများ လူမှုအသိုင်းအဝိုင်းကို အသာထားပြီး ဗမာစာနဲ့ ရေးနေတာမို့ ဗမာ့လူမှုဘဝအတွက် ပမာထားရေးပါမယ်။ သမီးငယ်လေးတွေကို အဝတ်အစား လဲတာ၊ ရေချိုးပေးတာကအစ ယောက်ျားလေးတွေနဲ့ မတူဘဲ၊ ထူးပြီး ဂရုတစိုက် တယုတယ လုပ်ပေးကြရပါတယ်။ အရွယ် ရလာတာနဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေ များများလာတယ်။ ရရလာတဲ့ အသိညာတွေထဲမှာ လိင်ပညာကို မြင်ဆရာ၊ ကြားဆရာတွေ ဆီကရတာ အများဆုံး ဖြစ်မယ်ထင်တယ်။ ရသမျှ ဒီဘာသာရပ်ကို သိုသိပ်ရမဲ့ အရာတွေဆိုတဲ့ (ကက်တဂေါ်ရီ)ထဲ ထည့်လိုက်ပါတယ်။ ဖတ်စရာက ရှားလှသေးတယ်။ ရှိတာတွေကလဲ ပညာပေးသဘောက နည်းလွန်လွန်းတယ်။ လမ်းလွဲကို ဆွဲခေါ်တာတွေချည်း ဖြစ်နေတယ်။ ကျန်းမာရေးအရ စောစောကရေးခဲ့သလို ( နော်မယ်လ်)ပါ။ အကြိမ်များလို့လဲ ရောဂါရတဲ့အထိ မဖြစ်နိုင်ပါ။ သိတဲ့အတိုင်း လိင်စိတ်ဟာ ကျေနပ်၊ အားရ၊ ပြီးစီးတဲ့အထိ ရောက်သွားရင် အားအင်တွေ ကုန်ခမ်းသွားသလို၊ ခြေကုန် လက်ပန်းကျ သွားတယ်။ (အင်နာဂျီ) အတော် ကုန်သွားတာပါ။ ဘယ်လောက်လဲလို့ အတိအကျတွက်ပြလို့ မမှန်နိုင်ဘူး။ အလိုဆန္ဒ ပြည့်ဝတာက တခါနဲ့ တခါ အပြော့-အပြင်း မတူဘူး မဟုတ်လား။ Biochemistry of the orgasm လိင်ဆန္ဒပြည့်ဝခြင်းရဲ့ သက်ရှိ-ဓါတုဗေဒအရ အဲဒီအခါမှာ ဒီအချိန်မှာ ဦးနှောက်ကနေ ဓါတ်ပစ္စည်းတွေ တလှေကြီး ထုတ်လိုက်ပါသတဲ့။ Norepinephrine, Serotonin, Oxytocin, Vasopressin, Nitric oxide, and Prolactin တွေ ဖြစ်တယ်။ နောက်ဆုံး ဟော်မုန်းက အရေးပါတယ်။ Prolactin နဲနေရင် နောက်တကြိမ် စိတ်ဆန္ဒ ပြန်လာတာ မြန်တယ်။ အိပ်နေချိန်မှာ နဲနဲရှိတာ တွေ့တယ်။ ဒါ့ကြောင့် ယောက်ျားများဟာ ကိစ္စပြီးတာနဲ့ အိပ်ချင်လာကြတယ်။ နှစ်ယောက် ဆက်ဆံလို့ဖြစ်ဖြစ်၊ (မာစတာဘေးရှင်း) လုပ်လို့ဖြစ်ဖြစ်၊ ယောက်ျားများ သုက်လွှတ်ရင် အားအင် အတော် ကုန်ခမ်းစေတယ်။ ဒါပေမဲ့ “အားယုတ်စေတယ်” လို့တော့ ကောက်ချက် မချသင့်ဘူး။ အိပ်စက်ပြီးတာနဲ့ ပြန်အား ပြည့်လာတာဘဲ။ မနက် အိပ်ရာထချိန်မျိုးမှာ ဒီစိတ်အား ပိုများကြတယ် မဟုတ်လား။ Morning wood ခေါ်တယ်လို့ တနေရာမှာ သုံးခဲ့ပါတယ်။
(မာစတာဘေးရှင်း) ကို လူမှုရေးဒေါင့်က အကဲဖြတ်သူတွေ တယောက်နဲ့ တယောက် တူမှာ မဟုတ်ဘူး။ ကိုယ်နဲ့ မတူလို့ သူမှားတယ် ပြောတာလဲ မမှန်နိုင်ဘူး။ ဘာသာရေးဒေါင့်က ပြောကြတာလဲ တမျိုးနဲ့တမျိုး တူမှာ မဟုတ်ပါ။ ဇတ်ထဲမှာ ရသေ့ကြီး၊ သမင်မ၊ မေဓါဝီ၊ ဆိုတာရှိတယ်။ သုက်က တမင် ထွက်အောင် မလုပ်တာတောင်မှ အလိုလို ထွက်တတ်တာမျိုး ဖြစ်တယ်။ လူပျိုဖြစ်စ ယောက်ျားလေးတွေမှာ ပိုဖြစ်ပါတယ်။ (နော်မယ်လ်) ပါ။ အသက်ကြီးသူတွေမှာလဲ အိပ်မက်ပြီး၊ သုက်လွှတ်မိတာ ဖြစ်တာပါဘဲ။ အဖြစ် မများချင်ရင် စိတ်ကို နိုးဆွစေတာတွေ နည်းပါစေ။ တဦးထဲဖြစ်ဖြစ်၊ မဖေါ်နဲ့ဖြစ်ဖြစ် သုက်လွှတ်နေကြအချိန်မှာ သုက်မလွှတ် ရရင် အလိုလိုထွက်လာတတ်တယ်။ ဆေးပညာအရ လိင်စိတ်ဖြစ်ပေါ်လာတာက ပုံမှန်ပါ။ စိတ်ပြင်းထံတာကို ဖြေဖျောက်ဘို့ နည်းတနည်းက (ဆိုလို- မာစတာဘေးရှင်း) ဖြစ်တယ်။ တဖက်လှည့်နဲ့ ပြောရရင် ဝေဒနာကို ကုစားရာ ရောက်ပါတယ်။ တမင်တကာ မများ များအောင် လုပ်တာတော့ ဆင်ခြင်သင့်တယ်။ ဆရာဝန်တွေကနေ စိတ်ပိုင်းဆိုင်ရာမှာတော့ ပြောကြဘို့ သင့်တယ်။ တကယ်လို့ (မာစတာဘေးရှင်း) လုပ်အပြီး၊ သူများတွေက မလုပ်သင့်ဘူး၊ ဘာညာ၊ ပြောတာ ကြားဘူးထားလို့ ကိုယ့်ကိုယ်ကို “အပြစ်လုပ်မိလေခြင်း” လို့ Guilty conscious ဖြစ်တတ်တယ်။ ဒါ မဖြစ်သင့်ဘူး။ တချို့ဆွေးနွေးသူတွေက “ငယ်တုံးတော့ ဘာမှ ဖြစ်မှာ မဟုတ်ဘူး၊ ကြီးရင် ခါးကုန်းမယ်၊ စိတ် မတည်မငြိမ်ဖြစ်မယ်၊ မျက်စိကန်းမယ်၊ လက်ဖဝါးမှာ အမွှေးပေါက်မယ်။” ဆိုပြီး ရေးတာ တွေ့ရတယ်။ လုံးဝ မှားပါတယ်။ အကောင်းဖက်ကနေ ရေးသူများလဲရှိတယ်။ ကြွက်သားနာတာ သက်သာစေတယ်။ (အင်မြူး) စနစ်ကို နိုးဆွပေးတယ်။ (ဟော်မုန်း) စနစ်ကို တိုးတက်စေတယ်။ အိပ်မပျော်တာကို ကုစားတယ်။ အိပ်နေရင်း သုက်လွှတ်တာ မဖြစ်စေနိုင်ဘူး။ Pubococcygeal ကြွက်သား လေ့ကျင်ခန်း လုပ်တာဖြစ်လို့ ကျားအင်္ဂါကို သန်မာစေတယ်။ Stress စိတ်တင်းအားတွေ လျော့ချပေးရာ ရောက်တယ်။ ၂ဝဝ၃ ခုနှစ်တုံးက Cancer Council Victoria in Melbourne ကနေ ယောက်ျား ၁ဝ၇၉ ယောက်ကို သုတေသန လုပ်တော့ (ပရောစတိတ်-ကင်ဆာ) ကိုတောင် ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ အဲလို တယောက်ထဲနဲ့ တိတ်တဆိတ် စိတ်ဖြေဖျောက်တာဟာ လူမှုရေး၊ ဘာသာရေး၊ ဥပဒေတွေက တားမြစ်တာတွေကို ဖေါက်ဖျက်ချက်တာ မဟုတ်လို့ အပြစ်ကင်းတယ် ထင်ပါတယ်။ Fun ဆိုပြီး၊ ကဲတာတွေကတော့ အပြစ်မလွတ်ပါ။
အိမ်ထောင်ရက်သား ကျပြီးနောက်၊ ကွဲသွားလို့၊ တယောက်က ဆုံးပါးသွားလို့၊ ကံစီမံတာနဲ့ မုဆိုးဘို၊ မုဆိုးမ၊ တခုလပ်တွေ ဖြစ်လာရင် အများအားဖြင့် ပြန်ပြီး အိမ်ထောင်မပြုသ၍ ဒီစိတ်မျိုး ဖြေဖျောက်တာ အနည်းနဲ့ အများ လိုတတ်ပါတယ်။ နည်းလမ်းကတော့ (မာစတာဘေးရှင်း) ဘဲ ဖြစ်ပါတယ်။ အပျော်အပါး လိုက်စားတယ်လို့ အလွယ်ပြောလေ့ရှိတဲ့ နည်းမျိုးက သိတဲ့အတိုင်း ခုခေတ်မှာ ကူးစက်ရောဂါတွေက (ဆစ်ဖလစ်) ခေတ်ထက် ကြောက်စရာ ကောင်းလှတယ်။ (မာစတာဘေးရှင်း) ကြောင့် STDs/STIs မရပါ။ တခုတော့ ရှိတယ်။ Toy ဆိုတာတွေ သွားသုံးရင် သန့်ဘို့တော့ လိုမယ်။ အဲလို (ဆိုလို) လုပ်ပြီးရင် အားအင်ကုန်သွားတာက ပုံမှန်လိင်ဆက်ဆံအပြီး အားကုန်တာနဲ့ မထူးလှပါ။ ပြိုင်ပွဲရောက်ရင် အားကစားသမားတွေ အဖေါ်နဲ့အတူ မနေရတဲ့ စည်းကမ်း ထားသလိုမျိုး လိုက်နာရမှာပေါ့။ ဒါတောင် ဒီလိုရှောင်ဘို့ မလိုပါဘူး ဆိုသူတွေကလဲ မနည်းတာ တွေ့ရတယ်။ ပိုတိကျတာကတော့ လိင်ဆက်ဆံပြီးရင် Testosterone ပိုများလာလို့ ပိုပြီး Aggressive ဖြစ်တယ်လို့ ၁၉၉၉ မှာ အီတလီ သုတေသီတွေက ဆိုခဲ့ပါတယ်။ ၂ဝဝ၃ ခုနှစ်မှာ သြစတြေးလျ လေ့လာမှုတခုအရ ယောက်ျားတွေမှာ အာသာဖြေလို့ Prostate cancer ဆီးကျိတ်-ကင်ဆာ ဖြစ်တာ နည်းတယ်လို့ တွေ့ရတယ်။ အသက်နဲ့ ဆိုင်တယ်။ ၂ဝ-၄ဝ အရွယ်တွေမှာ သုက်လွှတ်ကြိမ်ရေများရင် ကင်ဆာဖြစ်မှာ ပိုစေနိုင်ပြီး အသက် ၅ဝ ကျော်မှ သုက်ပိုလွှတ်တာက ကင်ဆာဖြစ်မှာကို နည်းစေတယ်လို့ ၂ဝဝ၈ သုတေသနက ဆိုတယ်။ မိန်းကလေးတွေမှာလဲ အနည်းနဲ့အများ ရှိတာပါဘဲ။ ဒါလဲ (အက်ဘ်-နော်မယ်လ်) မဟုတ်ပါ။ သူတို့က ယောက်ျားလေး တွေထက် သဘာဝအရ စိတ်ကို ချိုးနှိမ်နိုင်စွမ်း ကြီးတယ်။ သိုသိပ်မှု ပိုအားကောင်းကြတယ်။ ဒီအလေ့အထ နည်းပါး ကြတယ်။ တချို့ဆို ကြားတောင် မကြားဘူးဘူး။ အကောင်းမြင်သူတွေကတော့ ပြောတယ် ရာသီလာတုံး နာတာတွေတောင် သက်သာစေတယ်လို့။ ဒါကိုဖတ်ပြီး လုပ်သာလုပ်ကြပါလို့ အကြံပေးတာ မဟုတ်ပါခင်ဗျား။ Female Masturbation အမျိုးသမီးများ ဖါသာ-အာသာဖြေခြင်း ကိုလဲ ဖတ်နိုင်ပါတယ်။ 
Dr. တင့်ဆွေ

ခံ စား ချက် ပါ ပါ နမ်း ချင် တယ် ဆို ရင်

၁။ Moisten your lips အရင်ဆုံး နှုတ်ခမ်းတွေကို စိုစွပ်စေလိုက်ပါ။၂။ Angle your face မျက်နှာကို ဒေါင့်ဖြတ်ထားလိုက်ပါ။ နှာခေါင်းထိပ်တွေကနေ အဟန့်အတား မဖြစ်စေအာင် ရှောင်ဘို့ပါ။၃။ Close your eyes နမ်းခါနီးတုံးက တယောက်မျက်နှာ တယောက် စိုက်ကြည့်ရာကနေ မျက်လုံးတွေ ပိတ်လိုက်ပါ။ တချို့ကလဲ ခဏပိတ် လိုက်ပြီးမှ ပြန်ဖွင့်တယ်။၎။ Start with a gentle and soft closed-mouth kiss ပါးစပ်တွေ ပိတ်ထားကြပြီး၊ နုတ်ခမ်းချင်း အသာအယာ ထိတွေ့ကြပါစေ။
၅။ Go Dutch on the decision to French Kissing တယောက်တဝက် စိတ်တူသဘောတူ နမ်းကြမယ် ဆိုတာ ဆုံးဖြတ်ရတယ်။
၆။ Explore with your tongue လျှာနဲ့ကစားပါ။ သာယာမှုကနေ စေ့ဆော်လို့ ပါးစပ်က တဖြေးဖြေး ပွင့်လာလိမ့်မယ်။ လျှာကို သူ့ပါးစပ်ထဲ အများကြီးတော့ မသွင်းပါနဲ့။
၇။ Go slow စိတ်ရှည် ဖြေးလေး အချိန်ပေးပါ။
၈။ Breathe အသက်ရှူဘို့ မမေ့ပါနဲ့။
၉။ Mix it up ပါးစပ်-နှုတ်ခမ်း-လျှာတွေ ရောနှောသွားကြပါစေ။
၁ဝ။ Use your hands အစမှာ ယဉ်ယဉ်ကျေးကျေး ငြိမ်ငြိမ်လေး ထားခဲ့တဲ့ လက်တွေက အလုပ်လုပ်လို့ရပါပြီ။
၁၁။ Read your partner’s body language ပါးစပ်က မပြောပေမဲ့ ကိုယ်အမူအရာကပြတဲ့ အဖေါ်ရဲ့စိတ်ကို သဘောပေါက်ပါ။ Good kisser နဲ့ Bad kisser မတူတာက တဖက်သားရဲ့ Body language ကို နားလည်ပြီး နာလည်တဲ့အတိုင်း လိုက်လုပ်ရမှာ လက်မနှေးစေနဲ့  ဟဲဟဲ
၅။ Go Dutch on the decision to French Kissing တယောက်တဝက် စိတ်တူသဘောတူ နမ်းကြမယ် ဆိုတာ ဆုံးဖြတ်ရတယ်။၆။ Explore with your tongue လျှာနဲ့ကစားပါ။ သာယာမှုကနေ စေ့ဆော်လို့ ပါးစပ်က တဖြေးဖြေး ပွင့်လာလိမ့်မယ်။ လျှာကို သူ့ပါးစပ်ထဲ အများကြီးတော့ မသွင်းပါနဲ့။၇။ Go slow စိတ်ရှည် ဖြေးလေး အချိန်ပေးပါ။၈။ Breathe အသက်ရှူဘို့ မမေ့ပါနဲ့။၉။ Mix it up ပါးစပ်-နှုတ်ခမ်း-လျှာတွေ ရောနှောသွားကြပါစေ။၁ဝ။ Use your hands အစမှာ ယဉ်ယဉ်ကျေးကျေး ငြိမ်ငြိမ်လေး ထားခဲ့တဲ့ လက်တွေက အလုပ်လုပ်လို့ရပါပြီ။၁၁။ Read your partner’s body language ပါးစပ်က မပြောပေမဲ့ ကိုယ်အမူအရာကပြတဲ့ အဖေါ်ရဲ့စိတ်ကို သဘောပေါက်ပါ။ Good kisser နဲ့ Bad kisser မတူတာက တဖက်သားရဲ့ Body language ကို နားလည်ပြီး နာလည်တဲ့အတိုင်း လိုက်လုပ်ရမှာ လက်မနှေးစေနဲ့  ဟဲဟဲ

အဆိုတော် လမင်းခ - ကိုယ်ပိုင်အလှ

သုတ်လွှတ်မြန်ခြင်း

ယောက်ျားတချို့ကို အင်မတန် စိတ်ဒုက္ခပေးတဲ့ သုက်လွှတ်မြန်ခြင်း အကြောင်းကလေး ရေးပါရစေ။ အသက် ၁၈ နှစ် ပြည့်မှဖတ်ပါ (၁) ကို ရေးပြီး၊ ဒီကြားထဲ တခြားအကြောင်းတွေ ရေးခဲ့ပါတယ်။ (၂) ကို ဆက်ရေးရင်၊ ဒီရောဂါ အထူးကု ထင်မှာစိုးလို့ပါ။ မဟုတ်ရင်တောင် အထူး စိတ်ဝင်စားသူလို့ မြင်နိုင်တယ်လေ။ ဆရာဝန်ဆိုတာ သိသာ သိစေ၊ မမြင်စေနဲ့ ဆိုသူထဲမှာ ပါတယ်။ မဖတ်စေနဲ့ မဟုတ်လို့ ရေးရပါမယ်။ နားလည်မှု မလွဲကြစေချင်ပါ။ “စိတ်ဝင်စားသူ” ဆိုတာလေး ချဲ့ပြောရရင် ဖို-မ ဆက်ဆံရေးကို စိတ်မဝင်စားပါဘူးလို့ ပြောလိုက်တာဟာ ဖုံးကွယ် ပြောတာပါ။ ဒီကိစ္စမျိုးက လူပျိုပေါက် မရောက်သေးတဲ့ 
အရွယ်ကစပြီး၊ သွေးဆုံးချိန်လို့ ပြောလေ့ရှိတဲ့ အသက် ကျော်တာတောင် စိတ်ထဲမယ် ရှိနေတာမျိုးပါ။ စိတ်ရှိတိုင်း ထုတ်ပြောချင်မှ ပြောမယ်။ ကာယကံ မြောက်လဲ လုပ်ချင်မှ လုပ်ပါလိမ့်မယ်။ လိမ်မာရင် လိမ်မာသလောက် ထိန်းချုပ်မှု ရှိကြရတယ် မဟုတ်လား။

ဆန့်ကျင်ဖက်လိင် တယောက်နဲ့ တယောက်ဟာ ဆွဲဆောင်စွမ်းအား အင်မတန် ကြီးမားလှတာပါ။ ဇတ်တော် တခုထဲမယ် “ဆိတ်ကွယ်ရာ ဆိုရင် မအေမှန်း၊ သားမှန်း မသိရင်၊ ဖေါက်ပြန်ချစ်စိတ် ဝင်တတ်ကြောင်း” မိခင်ဖြစ်သူက သားကို ပညာပေးဘူးတယ်။ ဆန့်ကျင်ဖက် လိင်လို့ ပြောတာလဲ သိပ် မတိကျသေးပြန်ဘူး။ လိင်တူချင်း စိတ်ဝင်စားမှု ဆိုတာလဲ ရှိတာကိုး။ မနေ့တနေ့ကတောင် Gay တယောက်ကို Bishop ခန့်လို့ စကားတွေ များနေကြတယ်လေ။

“ဆွဲဆောင်နိုင်စွမ်း” ဆိုတာ လိင်ဆိုင်ရာ-ဟော်မုန်း Sex hormones တွေကြောင့်ပါ။ Estrogen နဲ့ Androgen တွေက မျိုးပွါးခြင်းနဲ့ ဆိုင်တဲ့ အင်္ဂါတွေ ကြီးထွားလာအောင်၊ အလုပ်လုပ်လာကြအောင်အပြင် အမူအယာတွေပါ အံဝင်ဂွင်ကျ ဖြစ်အောင် လုပ်ပေးကြတယ်။ လိင်တူ-စိတ်ဝင်စားသူများ ဖြစ်ရတာကလည်း ဒီဟော်မုန်းများ တန်ခိုးပါဘဲ။ ကျားကျား မမ၊ ဒီအမျိုးတူ ဟော်မုန်းတွေရှိတယ်။ အနည်းနဲ့ အများတော့ ကွာတယ်။ ယောက်ျား တယောက်က တနေ့ကို Testosterone ၆-၈ မီလီဂရမ် ထုတ်ရင် မိန်းမ တယောက်က ဝ့၅ မီလီဂရမ်သာ ထုတ်တယ်။ မိန်းမ-ဟော်မုန်းဆိုတာလဲ ယောက်ျားတွေမှာလဲ ရှိလို့ အသက် ၅ဝ ကျော်ရင်၊ အတောင် ၂ဝ ဝတ်များလဲ ရင်သား ထွက်လာကြတာ ဒါ့ကြောင့်။ အချိုးအဆ ပြောင်းသွားလို့ပါ။

“ခြေဆင်း” လေးပြီးတော့ ရေးမဲ့အကြောင်း ဆက်ပါမယ်။ လိင်ပြဿနာတွေထဲမှာ အတွေ့ရဆုံးကတော့ လိင်ဆန္ဒပြည့်ဝခြင်း ဆိုတဲ့ Orgasm ဟာ အမျိုးသားတွေမှာ အချိန်စောပြီး ဖြစ်တာနဲ့ အမျိုးသမီးများမှာ အဖြစ်နည်းတာပါ။ Orgasm စကားလုံးရဲ့ အဓိပ္ပါယ် မှန်ကတော့ ရုပ် (အင်္ဂါအစိတ်အပိုင်း ရင့်ထွားပြည့်စုံခြင်း၊) နဲ့ စိတ် (လိုအင်ဆန္ဒ ပြည့်ဝခြင်း) လို့ နှစ်မျိုးပါတယ်။ ယောက်ျားတွေမှာ Orgasm အဖြစ် နည်းတာနဲ့ အသက်ရှည်မှု ဆက်စပ်နေတယ်လို့ Vritish Medical Journal မှာ ၁၉၉၇ တုံးက ရေးဘူးတယ်။ နှလုံးရောဂါနဲ့လဲ ဆက်စပ်တယ်လို့ ၂ဝဝ၁ မှာ ထပ်ရေးသေးတယ်။ ဒီစာက Orgasm အကြောင်းရေးတာ မဟုတ်လို့ ဒီမှာဘဲ ရပ်ပါရစေ။

သုက်လွှတ်တာ စောတယ်၊ မြန်တယ်ဆိုတာ အဖြစ်များဆုံးက လူပျိုများနဲ့ အိမ်ထောင်ကျခါစ ယောက်ျားများ ဖြစ်တယ်။ အတွေ့အကြုံ နည်းသေးသူတွေပေါ့။ အတွေ့အကြုံဆိုတာကို တိတိကျကျ ပြောရရင် လိင် ဆက်ဆံဘူးတဲ့ အကြိမ် အရေအတွက် ပြောတာ။ ကာလသားများ ပြောကြတာရှိတယ် “အသက်ကြီးတော့ တနည်းသာတယ်။” ဆိုတာ။ ဒီတော့ အားပေးချင်ပါတယ်၊ အတွေ့အကြုံက သင်ပေးပါလိမ့်မယ်။

လိင်ဆက်ဆံတယ်ဆိုတာ စာသင်သလို အဆင့်ခွဲ ပြောရရင် Foreplay ဆိုတဲ့ အရှိန်ယူ၊ ပြင်ဆင်တဲ့ အဆင့်၊ နောက်မှ အင်္ဂါနှစ်ခု ထိစပ်မှု။ ပြီးမှ Orgasm ဆိုတဲ့ ကျေနပ်ပြည့်စုံမှုကို တယောက်ဖြစ်ဖြစ်၊ နှစ်ယောက် လုံး ဖြစ်ဖြစ် ရတဲ့အဆင့်။ ဒီနောက်မှာလဲ ဖုတ်ဖက်ခါ ထသွားသလို မဟုတ်ဘဲ Relaxing experience အချိန်ယူမှ ပြီးပြည့်စုံပါတယ်။

လိင်အင်္ဂါ နှစ်ခုမဟုတ်ဘဲ တခုထဲကို သုံးတာနဲ့လဲ Orgasm ရအောင် လုပ်နိုင်တယ်။ Masturbation ဖါသာ-အာသာဖြေခြင်း ခေါ်တာပေါ့။ အချိန် ပိုကြာချင်ရင် ကြာအောင်အောင် လုပ်လို့ရပါတယ်။ စပြီး ဆက်ဆံရာကနေ အရှိန်တက်လာပြီး၊ နောက်ဆုံး Orgasm မရခင်၊ အတက်အကျ သိပ်မရှိဘဲ တန်းနေတဲ့ Plateau အဆင့်မှာ ထိန်းပြီး၊ အချိန်ဆွဲထားရမှာပါ။

ကျား လိင်အင်္ဂါ ခေါင်းပိုင်းအပြင်က ဖုံးပေးထားတာကို Foreskin (Prepuce) ခေါ်တယ်။ ရှုံ့လို့ ဆန့်လို့ရတဲ့ အရေပြား ၂ ထပ်ပါတယ်။ အပြင်က သာမန် အရေပြားလိုဖြစ်ပြီး၊ အထဲကတော့ ပါးစပ်တို့ မျက်ခွံ အတွင်းပိုင်းတို့မှာရှိတဲ့ အရေပြား အနုစားမျိုး ဖြစ်တယ်။ ငယ်တုံးမှာ အတွင်းက လိင်တံအဖျားပိုင်းကို ကပ်နေတယ်။ ဖုံးချီ-ဖွင့်ချီ လုပ်လာနိုင်တာက တယောက်နဲ့ တယောက်၊ တချိန်နဲ့ တချိန် မတူကြဘူး။ အရွယ်ရောက်ချိန်မှာ ဆွဲဖွင့်ရင် ပွင့်လာမှ ကောင်းတယ်။ မဟုတ်ရင် အထဲမှာ အညစ်အကြေး အောင်းနေမယ်။ ကလေးငယ်ငယ် ဆိုရင် အဆီဥလေးတွေ စဖြစ်တယ်။ အားသုံးပြီး ဆွဲလှန်ပေးတာ မလုပ်သင့်ဘူး။ နာကျင်မယ်။ ပိုးဝင်မယ်။ ထုံဆေးလေးနဲ့ အသာအယာ သန့်ရှင်း၊ ကပ်နေတဲ့ အပေါ်ဖုံး အရေပြားကို ခွါပေးသင့်တယ်။

ဆွဲမလှန်လို့တော့ရပြီး အတိုင်းတိုင်းနေရင် အရေပြားဟာ လုံးလုံးဖုံးနေတဲ့ ယောက်ျား ၅ဝ%၊ တဝက်တပျက် ဖုံးနေသူ ၄၂% ရှိပြီး၊ ၈% ကတော့ ဖုံးမနေဘူး။ ကိုရီးယား လူမျိုးတွေဟာ အပေါ်ယံအရေပြား ရှည်လှတယ်လို့ ဆိုတယ်။ အရေပြားကို ဆွဲလှန်ပေးလို့ မရတဲ့ မွေးရာပါ Phimosis “ပန်းငုံ” တာဆိုရင် ခွဲစိတ်ပြုပြင်ပေးမှ ကောင်းတယ်။ Islam နဲ့ Judaism ဘာသာဝင် ယောက်ျားတိုင်း လုပ်ကြရတယ်။ Male circumcision ကို “ရှင်ပြုပေးတယ်” လို့ ပြောင်ခေါ်လေ့ရှိတယ်။ လုပ်တဲ့အခါ အရေပြားကို အကုန် သွားဖြတ်မိရင် ကာကွယ်မှုနဲ့ စိုစွပ်စေတဲ့ အလုပ်ကို အနည်းနဲ့အများ ထိခိုက်မယ်။ ပန်းငုံလို့တော့ သုက်လွှတ်ကိစ္စ ကြောင့်ကြဘို့ မလိုပါ။

ကျားလိင်အင်္ဂါရဲ့ ထိပ်ဆုံး (အဖျား)ပိုင်းက အာရုံခံစားမှု Sensitivity အဖြစ်ဆုံးဘဲ။ ကျန်နေရာ (အတံ) က ရိုးရိုး အရေပြားနဲ့ ဖုံးထားတာမို့ သာမန် အာရုံခံစားမှုသာ ရှိတယ်။ သုက်လွှတ်တာနဲ့ အများကြီး ဆိုင်တဲ့ ယောက်ျား လိင်အင်္ဂါ အစိတ်အပိုင်း ၂ နေရာ ရှိပါတယ်။

(၁) Glans penis (Glans) ခေါ်တဲ့ ခေါင်း (ထိပ်-အဖျား) ပိုင်းဟာ Mucocutaneous (တစ်ရှူး) နဲ့ လုပ်ထားတယ်။ ဆိုလိုတာက ဖုံးပေးတဲ့ အလုပ်ရော စိုစွပ်အောင် အရည်ထုတ်ပေးတာပါ လုပ်ပေးတယ်။ ပိုအရေးကြီးတာက အာရုံခံစားမှု သိပ်ကောင်းတယ်။ ကျားလိင်အင်္ဂါ ခေါင်း နဲ့ အမျိုးသမီးများရဲ့ (Clitoris) (မ-အစိ) ဟာ ဗီဇသဘာဝခြင်း အတူတူဘဲ။ ၂ ခုလုံးက အာရုံခံစွမ်း အရှိဆုံး နေရာတွေ ဖြစ်ကြတယ်။ အာရုံကြော အရေအတွက်ပေါင်း ကျားမှာ ၄ဝဝဝ၊ မမှာ ၈ဝဝဝ ရှိတယ်လို့ မျက်စိကောင်းကောင်းနဲ့ ရေတွက်ထားပါတယ်။ Corona glandis ဆိုတာက ကျားလိင်အင်္ဂါ ခေါင်းပိုင်းရဲ့ အကားဆုံးနေရာပါ။ ဒီနေရာက Sensitivity အာရုံခံမှု အကဲဆုံး ဖြစ်တယ်။ အဲဒီနေရာတွေကို ထိမိအောင်လုပ်လေ မြန်မြန် ပြီးစီးလေဖြစ်တယ်။ ဒါ့ကြောင့် သုက်လွှတ် နှေးစေချင်ရင် အဲဒီ ၂ နေရာ Sources of distinct pleasure တွေကို မထိမိအောင် လုပ်ပါလေ။ ဘယ်လို လုပ်ရမလဲ၊ ဆက်ဖတ်ပါ။

(၂) နောက်ထပ် အရေးကြီးတဲ့နေရာ တခုကတော့ အပေါ်ဖုံးအရေပြား Foreskin ရဲ့အောက်ပိုင်း။ အလယ် တည့်တည့်မှာ လိင်တံရဲ့ ခေါင်းကိုလာ ဆက်ထားတဲ့နေရာ၊ Frenulum လို့ခေါ်တယ်။ ဒီနေရာမှာ Meissner’s corpuscles ခေါ်တဲ့ စပါယ်ရှယ် အာရုံကြောတွေ Thousands of fine touch receptors and other highly erogenous nerve endings ထောင်နဲ့ချီ ရှိတယ်။ အရေပြား ဖြတ်ပေးတာ လုပ်လိုက်ရင် ဒါမျိုးတွေ အတော် ပါသွားတတ်တယ်။ Frenulum ကို ဆွပေးရင် ပြော့နေတဲ့ ကျားအင်္ဂါက သန်မာလာစေသလို သုက်လွှတ် တာလည်း မြန်စေတယ်။ အဲဒီချက်ကောင်း ၂ နေရာကို အထိအတွေ့ နည်းအောင် သတိထားရင် သုက်လွှတ်တာကို နှေးစေတယ်။ ဘယ်လို သတိထားရမလဲဆိုတော့။

ဖတ်နေတဲ့သူကို အားတော့ နာပါတယ်။ ရှင်းကနဲနေအောင် ရေးမှ ရမှာမို့ ရေးခွင့်ပြုပါ။ အမျိုးသမီးရဲ့အင်္ဂါဆိုတာ အဝနေရာက အကျဉ်းဆုံး ဖြစ်ပြီး၊ မွေးလမ်းကြောင်းထဲကတော့ အတွင်းရောက်လေ ကျယ်လေဖြစ်တယ်။ အဝမှာ ကြွက်သားရှိလို့လဲ အကျဉ်း-အကျယ် ဖြစ်အောင် လုပ်ပေးတတ်အောင် လေ့ကျင့်ပေးလို့ ရတယ်။ မွေးလမ်းကြောင်းကနေ ကလေးမဖွါးဘူးသူဆိုရင် (ဗိုက်ခွဲမွေးသူ အပါအဝင်) အဝ အောက်နုတ်ခမ်း အလည်နေရာက မိမွေးတိုင်းရှိလို့ ဆက်ဆံသူ ကျားအင်္ဂါကို ပိုပြီး ထိမိစေတာမို့ အာရုံခံစားမှု ကောင်းစေသလို အပြီးလဲ မြန်စေနိုင်တယ်။ Frenulum of the labia or Fourchette လို့ ခေါ်တဲ့နေရာ ဖြစ်တယ်။ “လှေကြီးထိုး ရိုးရိုး” ဆိုတဲ့ သမားရိုးကျ ဆက်ဆံပုံ အနေအထားမှာ ကျားရဲ့ Frenulum နဲ့ မရဲ့ Frenulum တို့ ထိမိနေကြတယ်။ နှစ်ဦးနှစ်ဝ အာရုံခံစားမှု တူကြစေတယ်။ နှေးစေချင်ရင် မထိမိအောင် ဆင်ခြင်ပြီး၊ ကိုယ်က အနစ်နာခံလိုက်ပါ။

နောက်ပြီး အဝကျဉ်းကျဉ်းကို ကျားအင်္ဂါ စဝင်ချိန်မှာ ကောင်းလွန်းတဲ့ခံစားမှုကို မသိချင်ယောင် ဆောင်လိုက်ပါ။ ဆက်ပြီး အနုတ်-အသွင်း လုပ်တဲ့အခါမှာလဲ အဖေါ်ရဲ့ အကျဉ်းဆုံး အင်္ဂါအဝနဲ့ ကိုယ့်ရဲ့ ခေါင်း Glans နဲ့ရော အကားဆုံးနေရာ Corona နဲ့ပါ မထိစေမှသာ ကြာကြာ ထိန်းနိုင်တယ်။ ဒါ့ကြောင့် အကုန်ဆွဲနုတ်၊ အကုန်ပြန်သွင်း လုပ်တာမျိုး အတတ်နိုင်ဆုံး မလုပ်ပါနဲ့။ တခါ အနေအထားနဲ့ (ဒါရိုက်ရှင်) လဲ ဘယ်လိုဆိုရင် မြန်မြန်ပြီးချင်တယ်ဆိုတာ ကိုယ်တိုင် သိပါလိမ့်မယ်။ ကိုယ်ကြိုက်တဲ့ အနေအထားနဲ့ လားရာ ထက်-အောက်၊ ဘယ်-ညာ ဆိုတာမျိုးကို ဆက်ဆံနေစဉ် ရှောင်ကျဉ်ပါလေ။ သုက်လွှတ်နေတုံးမှာ လိင်တံကို အဆုံးထိ သာမကဘဲ၊ ထိုးသွင်းနိုင်သမျှ အစွမ်းကုန် ဆိုပါတော့ ထိုးသွင်းထားကြတယ်။ အဲလိုလုပ်ရင် Frenulum ကို ဆွဲတင်း ပေးလိုက်တာမို့ သူ့မှာရှိနေတဲ့ ထောင်နဲ့ချီတဲ့ အာရုံကြောတွေ အလုပ်များစေတယ်။ ဒါ့ကြောင့် နှေးစေချင်ရင် ဆက်ဆံနေတုံးမှာ အဲလို မလုပ်ပါနဲ့။

တချို့သော အခကြေးငွေ ယူပြီး ဆက်ဆံတာလက်ခံသူ အမျိုးသမီးတွေဟာ လိင်အထူးကု ဆရာဝန်တွေထက် တော်တယ်ပြောရမလား။ ဆက်ဆံနေတုံး ခါးအောက်ပိုင်း အနေအထား တချက်ပြင်လိုက် တာနဲ့ ဖေါက်သည်ကို မြန်မြန် ကိစ္စပြီးအောင် လုပ်ပေးရာ ရောက်စေတယ်။ Frenulum ဆိုတာတော့ ပြောတတ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီနေရာကို ထိထိမိမိ ဖြစ်သွားအောင် ဆောင်ကျဉ်း လိုက်တာပါဘဲ။ ဒီတော့ သူမတို့ကို ဆရာတင်ပြီးသကာလ ကိုယ့်ပါတနာကို ငြိမ်ငြိမ်နေပါစေ။ ကိုယ်ကလည်း ဒီအပိုင်းနဲ့ အထိအတွေ့ နည်းအောင် ဂရုစိုက်ပါလေ။

အတွေ့အကြုံများရင် ကြာကြာ ထိန်းနိုင်တယ်ဆိုတာ အာရုံခံ ကောင်းလှတဲ့ နေရာတွေဟာ ကြာတော့ ထုံသလို ထူသလို ဖြစ်လာလို့ဘဲ။ ဒါ့ကြောင့် အတွေ့အကြုံ များသူများကို ဖြတ်လမ်းကလိုက်ချင်ရင် ထုံဆေး သုံးနိုင်တယ်။ နာမှန်း-ကျင်မှန်း၊ ပူမှန်း-အေးမှန်၊ ထိမှန်း-ကိုင်မှန်း၊ ကောင်းမှန်း-မကောင်းမှန်း မသိတော့ဘူး။ Sensitivity အများဆုံးရှိတဲ့ ကျားလိင်အင်္ဂါ ထိပ်ဖျားပိုင်းကို ထုံဆေး (လိမ်းဆေး၊ ပန်းဆေး) တခုခု သုံးနိုင်တယ်။ ထိုးတာကတော့ မကောင်းပါ။ လိင်ဆက်ဆံလို့ နာသူများသုံးတဲ့ Xylocaine 2%, 5% (ဂျယ်လီ) ကို ဒီနေရာမှာလဲ သုံးနိုင်တယ်။ ၅-၁ဝ မိနစ် ကြိုတင်ပါ။ များသောအားဖြင့် မိနစ် ၃ဝ လောက်ခံတယ်။ အသန့်ထားပါ။ ပြီးရင် ဆေးပြစ်ပါ။ နောက်ဆို ဆေးသုံး စရာလိုမှာ မဟုတ်ပါ။

(ကွန်ဒွမ်) ဆိုတာ လိင်ရောဂါ ၉၆ ပါး ကာကွယ်တယ်လို့ တင့်စားနိုင်ပါတယ်။ အဲ တချို့ ယောက်ျားများဟာ လိင်အင်္ဂါကို (ကွန်ဒွမ်) စွပ်ထားရင် အင်္ဂါချင်း တိုက်ရိုက် ထိတွေ့မှု မရှိတဲ့အတွက် နှေးစေတယ်။ တချို့ ကျတော့ (ကွန်ဒွမ်) ကြောင့် မြန်မြန် ကိစ္စပြီးချင်တယ်။ တယောက်နဲ့ တယောက် မတူဘူး။ နောက်ဟာမျိုးဆိုရင် နှစ်ယောက်လုံးကလဲ သန့်ရှင်းတာ သေခြာနေရင်၊ (ကွန်ဒွမ်) ကို သုက်လွှတ် ခါနီးမှ စွပ်ပေါ့။ ရောဂါနဲ့ စိတ်အလို ရွေးရတာမျိုးတော့ မစွန့်စားလေနဲ့။

စိတ်ပိုင်းကတော့ အရေးပါတဲ့ နောက်အချက်ပါ။ ဒါပေမဲ့ စိတ်အထူးကုတွေနဲ့ ကုစရာမလိုပါ။ ကာမဂုဏ်ခံစားမှု ဆိုတာ အာရုံစိတ် ရှိသမျှထဲမှာ အပြင်းထန်ဆုံးပါ။ ဆက်ဆံမှုဖြစ်စဉ် မစရသေးခင်ကတည်းက စိတ်အား သိပ် ပြင်းပြနေရင် ပြီးတာ မြန်စေတယ်။ ဒါ့ကြောင့် စိတ်ကို တတ်နိုင်သ၍ ထိန်းပါလေ။ အတွေ့အကြုံများသူတွေလဲ အဖေါ်သစ်နဲ့ ဆက်ဆံတဲ့အခါ မြန်တတ်တယ်။ စိတ်ရဲ့ အခြေအနေကြောင့်ပါ။

သုက်လွှတ်မြန်သူတွေမှာ (ဖိုး-ပလေး) ကို ကိုယ့်အတွက် မဟုတ်ဘဲ၊ အဖေါ်မိန်းကလေးအတွက်သာ ရည်ရွယ် လုပ်သင့်တယ်။ အမျိုးသမီးများ ဦးစားပေးပါ။ သူမက အဆင့်သင့်ချိန် (သူ့အင်္ဂါ စိုစွတ်လာချိန်) မှာ ထည့်သွင်း ရတာက လွယ်တဲ့အပြင် ပွတ်တိုက်မှု နည်းမယ်။ နှေးစေမယ်။ လိုအပ်မယ်ထင်ရင် (KY Jelley) ကို သုံးပါ။ စပ်မိလို့ လျှာရှည်ရရင် KY ဆိုတာ Kentucky ကလာတယ်လို့ တချို့က ပြောကြတယ်။

Orgasm ရရင် ကျေနပ် အားရသွားပြီဖြစ်လို့ ဒီစိတ်က ကုန်သွားတယ်။ ပြီးတာနဲ့ လှည့်မကြည့်ချင်တော့ဘူး။ ဒါပေမဲ့ အခိုက်အတန့်ပါ။ ပြန်ပေါ်လာတာဘဲ။ ဘယ်တော့ စိတ်ပြန်ပေါ်လဲဆိုတာ တယောက်နဲ့ တယောက်၊ အခြေအနေ တခုနဲ့တခု မတူဘူး။ စောစောက ရေးခဲ့တဲ့အတိုင်း အသက်ငယ်တုံး၊ အတွေ့အကြုံ နုတုံးမှာ သုက်လွှတ်တာ မြန်သလို၊ စိတ်ဖြစ်တာလဲ များတယ်။ ဒါဟာ ကောင်းတဲ့ အချက်ဘဲ။ လူပျိုစစ်စစ်များဟာ မိန်းကလေးရဲ့ အင်္ဂါစပ်နဲ့ ထိတယ်ဆိုရင်ဘဲ သုက်လွှတ်ချင်လှပြီ။ ဒါ ပုံမှန်ဘဲ။ ဒီတော့ သုက်လွှတ် ပြီးတာနဲ့ မကြာခင် နောက်တကြိမ် ဆက်ဆံလိုက်ပါ။ အချိန်ပိုကြာပါမယ်။ ဒီနောက် တကြိမ်ဆို ပိုပို ကြာပါလိမ့်မယ်။ “ငါ ယောက်ျားကောင်း ပီသပြီ” လို့ ဝင့်ကြွားလိုက်ပါ။

အရက်ဆိုတာက လိင်အင်္ဂါ တောင့်တင်းလာအောင် လုပ်ပေးဘို့မှာ ပြောင်းပြန် သတ္တိရှိပေမဲ့ “သောက်တာ မများရင်” ဆက်ဆံချိန်ကို ကြာစေနိုင်တယ်။ ဆီးအိမ်တင်းနေချိန်မှာ ဆက်ဆံရင်တော့ အချိန်တိုတတ်တယ်။ ပန်းသေ-ပန်းညှိုးတွေအတွက် သုံးတဲ့ Viagra ဆေးဟာ ကျားအင်္ဂါကို သန်မာလာစေတာ မှန်သလို ဆေးရှိန် ရှိနေတုံး ဆက်ဆံချင်စိတ်လဲ ပေါ်စေတယ်။ သုက်လွှတ်မြန်နေသူများလဲ တခါပြီး နောက်တခါ ဆက်ဆံချင်စိတ် ပေါ်ဘို့ သုံးနိုင်ပါတယ်။ Viagra ဆေးလိုစွမ်းတဲ့ တခြား ဆေးတွေလဲ ရှိပါတယ်။ Vigora-50, 100 ဈေးချိုပြီး ဝယ်ရတာလဲ လွယ်တယ်။

စုံတွဲတခုဟာ “ဝါ” တူနေရင် ပိုကောင်းတယ်။ အပျိုစစ် နဲ့ လူပျိုစစ်။ အတွေ့အကြုံ နည်းသူချင်း၊ များသူချင်း ဆိုတာမျိုး။ ဖူးစာအရ မတူသူတွေ ဖြစ်နေလဲ နားလည်မှုပေးကြရင် ပြဿနာ မကြီးနိုင်ဘူး။ သူများတွေ ဘယ့်လောက် ကြာတယ်၊ ဘာရယ် ဘေးချိတ်ထားပါ။ (အင်တာနက်)က ပြတာတွေကိုလဲ အဟုတ် မထင်ပါနဲ့။ ကိုယ့်အဖေါ်နဲ့ အတူနေတာဟာ သုက်လွှတ် ပြိုင်ပွဲဝင်နေတာ မဟုတ်ဘူး။ ဆရာဝန်က အကြံပေးပါတယ် “အရေအတွက်မှသည် အရည်အချင်းသို့။”
 - သုက်လွှတ်စောခြင်း
 ဒေါက်တာတင့်ဆွေ

စအိုကင်ဆာ

စအိုလမ်းကြောင်း ကင်ဆာရောဂါဟာ လိင်တူဆက်ဆံတဲ့ အမျိုးသားတွေမှာ သာမန်လူတွေထက် အဆ ၅၀ ပိုပြီး အဖြစ်များပါတယ်။ ကျွန်တော်တို့ ကြိုတင်ဆေးစစ်ဖို့နဲ့ ရောဂါစောစီးစွာရှာဖို့ လှုံ့ဆော်သင့်ပြီလား…… ၂၀၀၉ ခုနှစ် မေလက ဆောင်းပါးတစ်ခုမှာ အမျိုးသမီးတွေမှာဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာအကြောင်းကို ဖတ်ရတော့ သားအိမ်ခေါင်းကင်ဆာဆိုတာ အလွန်မှ ကြောက်စရာကောင်းလှတဲ့ HumanPapilloma Virus (HPV) ပိုးကြောင့် ဖြစ်တာကြောင့် နှစ်စဉ် အမျိုးသမီးများဟာ အထူးသတိပြုပြီး ဆေးစစ်တာတွေ လုပ်ရမယ်လို့ ဖတ်ရပါတယ်။
အမျိုးသမီး ၃ ဦးမှာ ၁ ဦးနှုန်းနဲ့ ဖြစ်ပွားနိုင်ပြီး ၁၀နှစ်အတွင်း သေဆုံးနိုင်တယ်ဆိုတာလဲ မှတ်သားခဲ့ ဖူးပါတယ်။ သို့သော်… အလွန်ရိုးရှင်းတဲ့ အဖြေတစ်ခုက စောစောစီးစီး ကင်ဆာဖြစ်နိုင်တဲ့နေရာကို တွေ့ရှိရင်တော့ ထုံဆေးလေးပေးပြီး လှီးထုတ်ရုံနဲ့ ကင်ဆာရောဂါသေနှုန်းရဲ့ ၃ ပုံ ၂ ပုံကိုလျော့ချနိုင်သတဲ့။ အခုဆိုရင် အမျိုးသမီးတွေမှာ ဒီသားအိမ်ခေါင်းကင်ဆာရောဂါမဖြစ်အောင် ကာကွယ်တဲ့ ကာကွယ်ဆေးလဲ ရှိနေပြီ။အထူးသဖြင့် ဆယ်ကျော်သက် မီးကောင်ပေါက်လေးတွေအတွက်ပေါ့။

စအိုလမ်းကြောင်းကင်ဆာဟာလည်း သားအိမ်ခေါင်းကင်ဆာကိုဖြစ်စေတဲ့ အမျိုးတူတဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ရတာပါ။ ဒီရောဂါဖြစ်နိုင်တဲ့နေရာတွေကို ကြိုတင်ပြီး စစ်ဆေးဖော်ထုတ်နိုင်ပါတယ်။ ဒါပေမယ့် လူထု အတွင်းမှာ စအိုကင်ဆာက သားအိမ်ခေါင်းကင်ဆာထက် ဖြစ်ပွားမှု ၁၆ ဆ ရှားပါးပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ၆၀ % ပိုဖြစ်ပါတယ်။

လိင်တူဆက်ဆံသူ အမျိုးသားတွေမှာတော့ သားအိမ်ခေါင်းကင်ဆာဖြစ်သူ အမျိုးသမီးတွေထက် အဆ ၅၀ ဖြစ်ပွားနိုင်ပါတယ်။ စအိုကင်ဆာ ရောဂါဖြစ်ခဲ့ရင်တော့ ၅ နှစ်အတွင်းမှာ ၃၀% က အသက်ဆုံးကြတာ များပါတယ်။ အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာအတွက် ကြိုတင် စစ်ဆေးလို့ရတဲ့ နည်းလမ်းတွေ ရှိနေပေမယ့် အမျိုးသားတွေအတွက် စအိုကင်ဆာကို မစစ်ဆေးနိုင်သေးပါဘူး။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးရှိသော်လည်း စအိုကင်ဆာအတွက် ကာကွယ်ဆေးက အမေရိကမှာပဲ သုံးလို့ရပါတယ်။

ဥရောပမှာ အတည်မပြုရသေးပါဘူး။ ဘာကြောင့်လဲ။ အမျိုးသားတွေ အထူးသဖြင့် လိင်တူဆက်ဆံသူ လူငယ်လေးတွေအတွက်ရော စအိုကင်ဆာကာကွယ်ဆေး မရှိသင့်တော့ဘူးလား….. စအိုကင်ဆာ အချက် လက်များ….. သားအိမ်ခေါင်းကင်ဆာနဲ့ စအိုကင်ဆာတို့ဟာ HPV ပိုးကြောင့်ဖြစ်တာပါ။ ဒါပေမယ့် HPV ပိုးဆိုတာ တစ်မျိုးတည်းရှိတာမဟုတ်ပါဘူး။ မျိုးခွဲပေါင်း ၁၀၀ ကျော်ရှိပါတယ်။ တစ်ချို့ပိုးမျိုးတွေက လူကို ဘေးဥပါဒ်မဖြစ်စေပေမယ့် တစ်ချို့ကတော့ ကင်ဆာရောဂါဖြစ်တဲ့အထိ ဒုက္ခပေးတတ်ပါတယ်။

အရွယ်ရောက်ပြီး လိင်မှုကိစ္စအတွေ့ကြုံရှိတဲ့ သူတိုင်းမှာ HPV ပိုး တစ်မျိုးမဟုတ် တစ်မျိုးတော့ ကူးစက်ခံထားရတာ သဘာဝနိယာမတစ်ခုလိုတောင် ဖြစ်နေပါတယ်။ တစ်ချို့မှာ ပိုးရှိနေပေမယ့် ရောဂါလက္ခဏာလုံးဝ မပြတတ်ပါဘူး။ စအိုကင်ဆာဖြစ်တာကတော့ လိင်အင်္ဂါမှာ ကြွက်နို့လို့ အဖုထစ်လေးတွေကနေ အစပျိုးတတ်ပါတယ်။ HPV ပိုးနံပါတ် 16 ဟာ ကြောက်စရာကောင်းတဲ့ ပိုးတစ်ခုပါ။ သူက ကင်ဆာရောဂါတွေ ကို ဖြစ်စေဖို့ တွန်းအားပါတယ်။

ဒုတိယ ကြောက်စရာကောင်းတဲ့ပိုးကတော့ HPV 18 ဖြစ်ပါတယ်။ တခြား ကြောက်ရတဲ့ HPV မျိုးပေါင်း ၁၂ခုလောက် ရှိပါသေးတယ်။ အဲဒီထဲမှာ HPV 16 နဲ့ HPV 18 တို့ကတော့ ဗိုလ်ကြီးတွေပေါ့။ သူတို့က သား အိမ်ခေါင်းကင်ဆာဖြစ်ပွားမှုရဲ့ ၇၀%နဲ့ စအိုကင်ဆာဖြစ်ပွားမှုရဲ့ ၈၀% ကိုတာဝန်ယူထားကြတာပါ။ ထူးခြားတဲ့ အချက်တစ်ခုက ကျနော်တို့ ကိုယ်ခန္ဒာထဲကနေ HVP ပိုးကိုတိုက်ခိုက်နိုင်ပါတယ်။ သာမန် (HIV ပိုးမရှိသူ)လူတစ်ယောက်အနေနဲ့ HPV ပိုးကို တိုက်ထုတ်ဖို့ ၅ လ ကနေ ၁ နှစ်ကြာပေမယ့် ကိုယ်တွင်း ခုခံအားမကောင်းတဲ့သူတွေမှာတော့ ဒီပိုးကိုတိုက်ခိုက်ဖို့ အချိန်ပိုကြာမှာဖြစ်တယ်လေ။

စအိုကင်ဆာဖြစ်ရခြင်းကတော့ စအိုကိုသုံးပြီးလိင်ဆက်ဆံရာကတဆင့် HPV ပိုးကူးစက်ခံရခြင်းပါပဲ။ လိင်ဆက်ဆံဖော်များလေ HPV မျိုးခွဲများများကူးစက်ခံရလေဖြစ်ပြီး ကင်ဆာရောဂါဖြစ်ဖို့ ပိုသေချာပါတယ်။ ပြင်သစ်နိုင်ငံက သုတေသနက ဘာပြောလဲဆိုတော့ လိင်တူဆက်ဆံသူတွေမှာ ၉၆%မှာ ကြောက်စရာ HPV ပိုးတစ်ခုမဟုတ် တစ်ခုရှိနေတတ်ပြီး အဲဒီထဲက ၄၃%ဟာ HPV 16 ဖြစ်နေတာတွေ့ရတယ်တဲ့။ အခုဆိုရင် ကမ္ဘာမှာ HPV ပိုးအတွက် ကာကွယ်ဆေးထွက်နေပြီလေ။ GlaxoSmithKline Company က ဆေးက HPV 16 နဲ့ 18 ကိုကာကွယ်ပြီး Gardasil company ဆေးက လိင်အင်္ဂါကြွက်နို့်တွေဖြစ်စေတဲ့ သိပ်မဆိုးတဲ့ HPV 6 နဲ့ 11 ကိုပါ ကာကွယ်ပေးနိုင်သတဲ့။

စစ်ကြ ဆေးကြရာဝယ်…. ကြောက်စရာကောင်းတဲ့ HPV ပိုးမျိုးတွေက စအိုလမ်းကြောင်းမှာ သိသာထင်ရှားတဲ့ အဖုတွေ ကြွက်နို့တွေကို မဖြစ်စေပါဘူး။ သိသာမြင်သာတဲ့ လက္ခဏာအလွန်နည်းပြီး တခါတရံမှသာ စအိုအတွင်းသား အရေပြားက ဖြူနေတာ၊ အနီရောင် အဖြစ် အရောင်ပြောင်းနေတာကို ဆေးစစ်ရင်း သိနိုင်တာပါ။ စအိုအရေပြား နည်းနည်းလေး ပြောင်းလဲရုံနဲ့တင် စအိုကင်ဆာဖြစ်နိုင်ပါတယ်။
စစ်ဆေးတဲ့နည်းတွေကတော့

• ကလပ်စည်း (ဆဲလ်)တွေကို အဏုကြည့်မှန်ဘီလူးဖြင့် စစ်ဆေးခြင်း
• စအိုလမ်းကြောင်းကို မှန်ပြောင်းဖြင့်ကြည့်ခြင်း
• စအိုလမ်းကြောင်းရှိ အသားစကို စစ်ဆေးခြင်းတို့ပဲ ဖြစ်ပါတယ်။
ဒီလိုစစ်ဆေးပြီး စအိုလမ်းကြောင်းက ကလပ်စည်းတွေက ပုံမှန်လား၊ ပုံမှန်ထက် ထူးခြားနေတာလား၊ ကင်ဆာ အမြစ်စတွယ်ပြီးလား …စတဲ့ အခြေနေတွေကို လေ့လာဖော်ထုတ်ရပါတယ်။ ရောဂါအဆင့်တွေ ကလည်း မတူပါဘူး။ ရောဂါအဆင့်ကိုလိုက်ပြီး ကုသပုံတွေလည်း ကွာခြားပါတယ်။

စအိုကင်ဆာအတွက် ကြိုတင်စစ်ဆေးခြင်း

ပုံမှန်အားဖြင့် အများပြည်သူတွေအတွက်တော့ ကြိုတင်စစ်ဆေးဖို့ သိပ်မလိုပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ချေများတဲ့ သူတွေ အထူးသဖြင့် HIV ပိုးရှိတဲ့ လိင်တူဆက်ဆံသူအမျိုးသားတွေ၊ HIV ပိုးရှိပြီး စအိုလမ်းကြောင်း အသုံးပြုဆက်ဆံတဲ့ အမျိုးသမီးတွေအတွက်တော့ စစ်ဆေးဖို့လိုအပ်ပါတယ်။ အမေရိကရဲ့ သုတေသနတစ်ခုကတော့ HIV ပိုးရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ လိင်တူဆက်ဆံသူအမျိုးသားအားလုံး စအိုကင်ဆာကို ကြိုတင်စစ်ဆေးထားတာ အကျိုးရှိပါတယ်လို့ ထောက်ပြထားပါတယ်။

ဘာကြောင့်လဲဆိုတော့ ကျနော်တို့မှာ HPV ပိုးကြောင့် တစ်ချို့လူတွေမှာ ဆိုးဆိုးဝါးဝါး ကင်ဆာအဆင့်ထိရောက်စေတဲ့ သဘာဝကို အတိအကျ မသိရှိသေးလို့ပါ။ အင်္ဂလန်နိုင်ငံကတော့ ဒီလိုစစ်ဆေးတာက ငွေ ကုန်ကြေးကျများလို့ ပုံမှန် လုပ်ဖို့မလိုဘူးလို့ ဆိုပြန်ပါတယ်။ အမေရိကမှာတော့ စအိုမှာ ကြွက်နို့ပေါက်တာရှိနေတဲ့ အမျိုးသားတွေ၊ HIV ပိုးရှိတဲ့ လိင်တူဆက်ဆံသူအမျိုးသားတွေအတွက် စစ်ဆေးဖို့ တိုက်တွန်းထား ပါတယ်။ ဒီလိုစစ်ဆေးခြင်းဖြင့် ရောဂါဖြစ်ပွားမှုရဲ့ ၃၀% ကို လျော့ချနိုင်တယ်လို့ ဆိုပါတယ်။

စအိုကင်ဆာ ကုဖို့ရာ….
အင်္ဂလန်နိုင်ငံက ပုံမှန်စစ်ဖို့ မတိုက်တွန်းတာက အကြောင်းရှိပါတယ်တဲ့…။ ဒီကင်ဆာရောဂါဟာ အဖြစ်နည်းတယ်၊ တကယ်လို့ စစ်ဆေးလို့တွေ့ရင်လည်း ပျောက်အောင်မကုနိုင်ဘူးတဲ့။ လက်ရှိကုနေတဲ့ ဓာတ်ရောင်ခြည် ကုထုံး (ဓာတ်ရောင်ခြည်ဖြင့် စအိုလမ်းကြောင်းရှိ အသားစများကို ဖျက်ဆီးခြင်း) Inferred Coagulation Therapy က အလွန်နာကျင်တယ်တဲ့။ ရောင်ခြည်နဲ့ ကုပြီးနောက် (၁၀) လ နေရင် ရောဂါပြန်ပေါ်တဲ့အတွက် မလိုအပ်တဲ့ အနေအထိုင်ခက်စေတာတဲ့။ ဒီတော့ ကုသဖို့ထက် စစ်ဆေးဖို့ကို အားမပေးဘူးတဲ့လေ။

အကယ်၍ စအိုကင်ဆာဖြစ်ခဲ့လည်း ခင်ဗျားဟာ အလွန်ကံဆိုးသူလို့ မဆိုနိုင်ဘူးတဲ့။ ဘာလို့လဲဆိုတော့ ရောဂါရှိသူတွေဟာ ၅ နှစ်အတွင်း အသက်ရှင်နေနိုင်မှု ၆၅% ရှိသေးတယ်တဲ့လေ။ ဥပမာ ဝှေးစေ့ကင်ဆာ (Testicular Cancer) ရှိသူတွေမှာ ၉၇% က ၅ နှစ်အတွင်း အသက်ဆုံးရတာတဲ့လေ။ နောက်တစ်ခု အဆုတ်ကင်ဆာသမားတွေဆို ၅ နှစ်အတွင်း အသက်ရှင်နေနိုင်မှုက ၅ % ပဲရှိကြတာ။ လက်ရှိနောက်ဆုံးပေါ် ကုထုံးကတော့ ဓာတ်ရောင်ခြည်နဲ့ကုတယ် ပြီးတော့ ကင်ဆာဆေးတွေ သွင်းတယ် သောက်ရတာပေါ့။ ကင်ဆာဆေးတွေကလည်း သိပ်မပြင်းတော့ဘူးလေ။ သက်တောင့်သက်သာ သောက်လို့ သွင်းလို့ရတယ်လေ။မအန်တော့ဘူးပေါ့။

ကာကွယ်ဆေးအကြောင်း တစေ့တစောင်း….

ဒါဆို ကျနော်တို့ ဆယ်ကျော်သက် ကောင်လေး၊ ကောင်မလေးတွေကို HPV 16-18 မကူးစက်အောင် ကာကွယ်ဆေးထိုးသင့်ပါသလား… အမေရိကမှာတော့ ၂၀၁၁ အစောပိုင်းမှာ အစားသောက်နဲ့ဆေးဝါး ကွပ်ကဲရေးအဖွဲ့ချုပ်က အသက် ၉ နှစ်ကနေ ၂၆ နှစ်အတွင်း ကျား/မ အားလုံး Gardasil ကာကွယ်ဆေးထိုးနိုင်ကြောင်း အတည်ပြုလိုက်ပါတယ်။ ဒါပေမယ့် ဥရောပဆေးပညာရှင် အဖွဲ့တွေကတော့ အဲလို လုပ်တာကို သဘောမတူပါဘူး။

ဘာကြောင့်လဲဆိုတော့ ဥရောပမှာ ဒီလို ကာကွယ်ဆေးထိုးဖို့ရာ ဆေးကို အဆင့်ဆင့် အချိန်ယူပြီးမှ အတည်ပြုလို့ပါ။ ဈေးကလည်း ကြီးလို့တဲ့။ အမေရိကမှာလုပ်တဲ့ သုတေသနတစ်ခုကတော့ ဒီကာကွယ်ဆေး ဟာ အသက် ၁၉ ကနေ ၂၆ အတွင်း လိင်တူဆက်ဆံသူအမျိုးသားတွေမှာ စအိုကင်ဆာဖြစ်ပွားမှုအတွက် ၆၅% ကာကွယ်ပေးနိုင်တယ်လို့ဆိုပါတယ်။

ကဲ… ကိုယ့်ကိုယ်ကိုပြန်မေးကြရအောင်… ခင်ဗျားဟာ အသက်ကြီးတဲ့ လိင်တူဆက်ဆံသူအမျိုးသားဆိုရင်… ကာကွယ်ဆေးထိုးဖို့ အချိန်နှောင်းနေပြီလား?????? အဖြေက… တကယ်တမ်း ကာကွယ်ဆေး မလို ပါဘူးတဲ့။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ကိုယ်ခံအားက ဒီ HPV ပိုးကို တိုက်ခိုက်နိုင်သေးတယ်ဆိုတာ ခင်ဗျားမေ့နေလို့ပါတဲ့။ ၂၀၀၉ သုတေသနအရ အမေရိကမှာရှိတဲ့ လိင်တူဆက်ဆံသူအမျိုးသားတွေရဲ့ ၄၃%မှာ HPV ပိုးအတွက် ခန္ဒာကိုယ်က တုန့်ပြန်တဲ့ ပဋိဇီဝပစ္စည်းမတွေ့ဘူးတဲ့လေ။ ဆိုလိုတာက ဒီလူတွေမှာ ဒီလူတွေမှာ HPV ပိုးကူးစက်ခံရပေမယ့် ကိုယ်တွင်းက တိုက်ခိုက်လိုက်တော့ ဆိုးဝါးတဲ့ ကင်ဆာရောဂါ အထိ ဆက်မဖြစ်တော့ဘူးလေ။

ဒါဆို ကာကွယ်ဆေးထိုးရင် ဘာအကျိုးရှိမှာလဲ?????? လုပ်သင့်တာကတော့ မိမိမှာ ကူးစက်ခံထားရတဲ့ HPV ပိုးအမျိုးစားကို သိအောင်လုပ်ပါ။ ပိုးက HPV 16 သို့မဟုတ် HPV 18 မဖြစ်နေရင်တော့ ထိုးသင့် တယ်လေ။ ဒါပေမယ့် HPV 16 သို့မဟုတ် HPV 18 လက်ရှိအခြေနေမှာ ကူးစက်ခံထားပြီးရင်တော့ ထိုးလည်း မထူးတော့ဘူး။

တစ်စုံတစ်ယောက်က စအိုမှာ ကြွက်နို့တွေရှိလို့ စအိုကင်ဆာဖြစ်နိုင်လားမေးရင် ဘယ်လိုဖြေမလဲ…… အဖြေကတော့ HPV 16 သို့မဟုတ် HPV 18 ဆိုရင်ဖြစ်နိုင်ပါတယ်။

ကာကွယ်ဆေးမထိုးပေမယ့်လည်း တခြားနည်းတွေနဲ့ သိအောင်လုပ်လို့ရသေးတာကိုလည်း အမှတ်ရပါဦး။ ဥပမာ မိမိကိုယ်တိုင် လက်နဲ့စမ်းသပ်ကြည့်မယ်၊စအိုလမ်းကြောင်းမှာ အသားမာလေးတွေရှိနေတာမျိုး၊အသားပိုလေးတွေရှိနေတာမျိုးဆိုရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ပြသင့်ပြီ။ စအိုလမ်းကြောင်းမှာ ယားယံတာ၊ နာတာ၊ အနာဖြစ်တာ၊ သွေးထွက်တာမျိုးလည်း စအို ကင်ဆာအတွက် ဂရုပြုပြီး စစ်ဆေးသင့်တယ်။ (တခြားရောဂါတွေလည်း ဖြစ်နိုင်ပါသေးတယ်)။

HIV ပိုးရှိတဲ့ လိင်တူဆက်ဆံသူအမျိုးသားများအတွက် မှာချင်တာကတော့ ဆေးကို စနစ်တကျသောက်ဖို့နဲ့ ကွန်ဒုံးသုံးဖို့ပါပဲ။ ပိုးမရှိတဲ့သူတွေအတွက်လည်း ကွန်ဒုံးကို စနစ်တကျသုံးခြင်းဟာ အရေးပါတဲ့ ကာကွယ်ခြင်း တစ်ခုပါပဲ…..

လမင်းကို

ကျန်းမာရေးအတွက်သိသင့်သည်များစုစည်းထားမှု

ချစ်တင်းနှောတဲ့အခါမှာ အမျိုးသမီးတွေရဲ့ မကြိုက်ဆုံးနဲ့ အကြိုက်ဆုံးများ

အမျိုးသမီးတွေ မကြိုက်တဲ့ အရာအများအပြားကို အမျိုးသားတွေ လုပ်တတ်ကြပါတယ်။ အောက်မှာ ဖော်ပြမယ့် ၁၀ ချက်က အမျိုးသမီးနဲ့ အတူ ချစ်တင်းနှီးနှောစဉ်မှာ အမျိုးသားတွေ ရှောင်ကြဉ်သင့်တဲ့ အရာတွေဖြစ်ပါတယ်။

၁။ အသံသေး အသံကြောင် သီချင်းများ ဖွင့်ခြင်း
တက်ခ်နိုမြူးဇစ်တွေ၊ ဟဲဗီးမက်တယ်တွေဟာ သင်ထင်ထားသလို သင့်အဖော်ကို စိတ်ပါလာအောင် ဆွဲဆောင်နိုင်ခြင်း မရှိပါဘူး။ တစ်ဖက်သား သက်သောင့်သက်သာ ဖြစ်စေမယ့် တေးသီချင်း တွေကိုသာ နားထောင်သင့်သလို၊ သူမ ကြိုက်နှစ်သက်တဲ့ သီချင်းကို အသံတိုးတိုးလေး ဖွင့်တာပို သင့်လျော်ပါတယ်။ တစ်ခါတစ်လေ ဘာသီချင်းမှ မဖွင့်တာ အကောင်းဆုံးပေါ့။

၂။ ခွင့်ပြုချက်မရပဲ နောက်ပေါက် အသုံးပြုခြင်း
သင့်အဖော်နဲ့ သေသေချာချာဆွေးနွေး ပြီးမှ သို့မဟုတ် သင့်အဖော်က သင့်ကို ခွင့်ပြုပြီးမှ နောက်တံခါးကို အသုံးပြုသင့်ပါတယ်။ တကယ်လို့ ခွင့်ပြုချက်မရပဲ နောက်ပေါက် အသုံးပြုတယ်ဆိုရင် သူမကို အရုပ်တစ်ရုပ်လို ဆက်ဆံတာနဲ့ တူပါတယ်။ သူမရဲ့ ခံစားချက်ကို လေးစားမှု မရှိတဲ့အတွက် သူမ ကြိုက်နှစ်သက်မှာ မဟုတ်ပါဘူး။

၃။ အကြာကြီး နားလိုက်တာ
တကယ်လို့ သင်ဟာ နှေးနှေးလုပ်နေပြီး အနားယူသလိုမျိုး ခဏတစ်ဖြုတ်ရပ်လိုက်ရင် သူမ စိတ်ဝင်စားနေတာ လျော့သွားနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိန်းကလေးတွေရဲ့ စိတ်ဝင်စားမှုဟာ ခဏတာအတွင်း ပျောက်သွားနိုင်လို့ ဖြစ်ပါတယ်။

၎။ ကြမ်းကြမ်းတမ်းတမ်းပြုလုပ်ခြင်း
သင်ဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်နေတာမဟုတ်သလို၊ ရေတွင်း တူးနေတာ မဟုတ်ပါဘူး။ ဒါကြောင့် ကြမ်းကြမ်းတမ်းတမ်း လုပ်တိုင်း ကောင်းတာမဟုတ်ဘူး ဆိုတာ သိထားသင့်ပါတယ်။ တစ်ခါတစ်လေ နှေးနှေး၊ တစ်ခါ တစ်လေ မြန်မြန် အပြောင်းအလဲလေးလုပ်ပေးသင့်ပါတယ်။ သင့်အဖော်က ကြမ်းတမ်းဖို့ တောင်းဆိုလာတာ မဟုတ်ရင် သင့်စိတ်ထင်နဲ့ ဇွတ်အတင်းကြီး မလုပ်သင့်ပါ။ သင် သိပ်ကြမ်းတမ်းသွားပါက တစ်ဖက်သားကို နာကျင်စေပါတယ်။

၅။ ပြင်ပ ပစ္စည်း မထင်မှတ်ပဲ အသုံးပြုခြင်း
စိတ်ကူးထဲမှာ ရှိတိုင်း လက်တွေ့ မလုပ်သင့်ပါဘူး။ သင့်အဖော်ကို သေချာဆွေးနွေးပြီးမှ တစ်ဖက်သား သဘောတူမှသာ ပြင်ပ ပစ္စည်းတွေကို အသုံးပြုသင့်ပါတယ်။ သင်ပြုလုပ်ထားတဲ့ ပုံတူအရုပ်တွေနဲ့ သူမကို အံ့အားသင့်အောင် မလုပ်ပါနဲ့။

၆။အမျိုးသမီးတွေအားလုံးဟာ
ဆံပင်ဆွဲတာနဲ့ ရင်သားမှာ ကိုက်ပေးတာကို လိုချင်ကြတယ်လို့ မမှတ်ယူသင့်ပါ။ ညစ်ညမ်း ရုပ်ရှင်မှာတွေ့တိုင်း မှန်တာမဟုတ်ပါဘူး။

၇။ အရေးကြီးတဲ့ နေရာကလွဲလို့ကျန်တဲ့ နေရာတွေကို မေ့ထားခြင်း
ခြေထောက်နှစ်ချောင်းကြားမှာ၊ နှုတ်ခမ်းမှာ၊ ရင်သားတွေမှာပဲ အာရုံစိုက်မနေသင့်ပါ။ အမျိုးသမီးတွေဟာ ဟိုဟိုဒီဒီ နှိုက်နှိုက်ချွှတ်ချွှတ် စူးစမ်းတာမျိုးကို သဘောကျပါတယ်။

၈။ အစပျိုးမှု မရှိခြင်း
ကောင်းမွန်တဲ့ ချစ်တင်းနှီးနှောမှုကို လိုချင်တယ်ဆိုရင် ကောင်းမွန်စွာ အစပျိုးရပါမယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေလို ဟောဟောဒိုင်းဒိုင်း လုပ်လို့မရပါဘူး။ တစ်ချို့အမျိုးသမီး တွေဟာ အဆင်သင့်ဖြစ်ဖို့ အချိန်လိုပါတယ်။ နောက်ပြီး သူမအတွက် လမ်းတစ်ဝက်ပဲ ရောက်နေချိန်မှာ အဆုံးမသတ်မိဖို့လဲ သတိထားရပါမယ်။

၉။ တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိခြင်း
ရေမချိုးထားတာမျိုး၊ တကိုယ်ရေသန့်ရှင်းမှု့မရှိတာမျိုးဟာ တစ်ဖက်သားကို ရွံသွားစေပါတယ်။ ဒါဟာ စိတ်ပါနေတဲ့ အမျိုးသမီးကို စိတ်ပျက်သွားအောင် တစ်ခါတည်း လုပ်လိုက်သလိုပါပဲ။ သင်လည်း သင်နဲ့ အတူချစ်တင်းနှီးနှောမယ့် မိန်းကလေးကို သန့်ရှင်းစေချင်တယ် မဟုတ်လား။ တစ်ဖက်သားကလည်း အဲလိုပဲ လိုချင်တယ်ဆိုတာ ကိုယ်ချင်းစာပါ။

၁၀။ ဘာမှန်းမသိသေးခင် အဝတ်အစားချွှတ်ပစ်ခြင်း
မိန်းကလေးက စိတ်ပါမှန်းမသိ၊ မပါမှန်းမသိပဲ အပေါ်အင်္ကျီချွှတ်လိုက်တာမျိုး မလုပ်သင့်ပါဘူး။ ဒါဟာ အင်မတန် ရိုင်းစိုင်းပြီး တစ်ဖက်သားကို မလေးစားတဲ့ သဘော ဆောင်ပါတယ်။

Credit :Trend Myanmar

လိင်ဆက်ဆံပြီး သုတ်ကို အပြင်မှာ ထုတ်ရင်လည်း ကိုယ်ဝန်ရနိုင်တယ်

မေး။ ။ ဆရာ ဆူဒိုနင်ရှင့်…သမီး သိလိုသည့် အချက်အလက်များကို အနည်းငယ် မေးမြန်းလိုပါသည်ရှင့်…
သမီးက အိမ်ထောင်ကျပြီးသူတစ်ယောက် ဖြစ်ပါတယ်။ အိမ်ထောင်သက်ကတော့ ခြောက်လပြည့်ပါတော့မယ်။ ပွင့်ပွင့်လင်းလင်း မေးရမယ်ဆိုရင် ယောက်ျားနဲ့ မိန်းမ ဆက်ဆံကြတဲ့အခါမှာ ယောက်ျားလေးက သူ့ကိစ္စ ပြီးတဲ့အခါ အပြင်မှာ ပြီးတယ်ပဲ ဆိုပါတော့။ အဲ့လို ဆိုလို့ ရှိရင် မိန်းကလေးမှာ ကိုယ်ဝန် မရှိနိုင်ဘူးလို့ မှတ်သားခဲ့ဖူးပါတယ်။တကယ်လည်း သမီးတို့ လင်မယား အဲ့လိုပဲ နေထိုင်ပါတယ်။ (သမီးက ဆေးသောက်ရမှာ ကြောက်လို့ပါ။) ဒါပေမယ့် တစ်ကြိမ်ကို တစ်ခါပဲ ဆက်ဆံတာပါ။ (ပြောရမယ် ဆိုရင်တော့ တစ်ရက်ကို တစ်ကြိမ်၊ တစ်ကြိမ်ကို တစ်ခါပဲလို့ ဆိုလိုတာပါရှင့်။)
အဲ့ဒီလို နားလည်ခဲ့ရာမှ သည်နေ့မှ လူကြီးများ ပြောပြချက်အရ သိခဲ့ရတာကတော့ မိန်းမတွေဟာ ယောက်ျားလေးတွေဆီက သူတို့ ဆန္ဒ ပြီးမြောက်တဲ့ အချိန်မှာ ထွက်တဲ့ အရည်တစ်ခုထဲနဲ့တင် ကိုယ်ဝန် ရှိနိုင်တာ မဟုတ်ဘဲနဲ့ အစပိုင်းထွက်တဲ့ အရည်ကြည်မှာလည်း သုတ်ပိုးဟာ ပါလာနိုင်တတ်တယ်ဆိုပြီး အတိအကျ ပြောနေကြတယ် ဆရာရယ်။ သမီးလည်း တစ်ခါမှ မကြားဖူးဘူး။ သူတို့ကတော့ အဲ့လိုမျိုး အပြင်မှာ ပြီးတယ် ပြီးတယ်ဆိုပြီး စိတ်ချလက်ချမနေနဲ့လို့ပြောတယ်။ ကွန်ဒုံးကိုပဲ သုံးတဲ့။
သမီးလည်း တော်တော် စိတ်ညစ်သွားတယ်။ အစထဲက တစ်ရက်ကို တစ်ခါပဲ ဆက်ဆံခိုင်းနေလို့ အမျိုးသားက ငြိုငြင်ချင်ရတဲ့ကြားထဲ၊ ကွန်ဒုံးနဲ့ပါ ဆက်ဆံရမယ် ဆိုရင်တော့ သမီးကို ကွာမှာ ကျိန်းသေတယ်.. ဟီဟိ…ကျေးဇူးပြု၍ သမီး စာလေးကို အမြန်ဆုံး ဖြေကြားပေးပါရန် တောင်းဆိုပါတယ်ရှင့်… (ပြီးတော့ သမီးမေးတဲ့စာကို ဆရာ့ရဲ့ Blog တွေမှာ တင်ခဲ့မယ်ဆိုရင်လည်း သမီးရဲ့ FB နာမည်ကြီးတော့ မထည့်နဲ့နော်… ဟဲဟဲ )
ကျေးဇူး
ဖြေ။ ။ ယောက်ျားဖြစ်ရတဲ့ ဒုက္ခတကာအနက်မှာ အဲဒါက အဓိက ဒုက္ခပဲ ထင်ပါရဲ့ဗျာ။ ဟုတ်ပါ့။ ကျွန်တော်လည်း အိမ်ထောင်သက် နုစဉ်တုန်းက ခံစားဖူးပါတယ်။ ကိုယ်ကလည်း ဒါမျိုးဆို သိပ်နေနိုင်တာမဟုတ်၊ ကိုယ်ဝန် ရှိသွားမှာလည်း ပူရ၊ ကိုယ်ချစ်လို့ ယူထားတဲ့ ဇနီးမယားကိုလည်း ဆေးတွေ ၀ါးတွေ မသုံးစေချင်နဲ့၊ အတော့်ကို ဗျာများလှပါတယ်။ထားပါတော့လေ… မေးထားတဲ့ မေးခွန်းကို ဖြေရရင်တော့ အမျိုးသားတွေရဲ့ သုက်ရည်မဟုတ်ဘဲ ပထမပိုင်းထွက်တဲ့ ကနဦးအရည်ကြည်မှာ သုက်ပိုးတွေ ပါရှိနိုင်တယ်ဆိုတဲ့ အယူအဆတစ်ခုက ရှိပါတယ်။ ဒါပေမယ့် သိပ်မကျယ်ပြန့်လှတဲ့ သုတေသနငယ်လေးတချို့အရဆိုရင်တော့ အဲဒီ့အရည်ကြည်ထဲမှာ သုက်ပိုး ပါရှိတာကို မတွေ့ရဘူးလို့ ဆိုပါတယ်။
ကျယ်ပြန့်တဲ့၊ တစ်နည်းပြောရင် ခိုင်မာတဲ့ သုတေသန မရှိပေမယ့် ပညာရှင်အများအပြား ယုံကြည်ထားတာကတော့ ယခင် သုက်ထွက်ချိန်က ကျန်ရစ်ခဲ့တဲ့ သုက်ပိုးတွေဟာ ကနဦး အရည်ကြည်ထဲမှာ ပါဝင်သွားရာက ကနဦးအရည်မှာ သုက်ပိုးပါတယ်ဆိုတဲ့ အယူအဆ တစ်ရပ် ဖြစ်ပေါ်လာတယ်လို့ပါပဲ။ ဆိုလိုတာက ကနဦး အရည်ကြည်မှာ သုက်ပိုး ပါချင်လည်း ပါနိုင်ပါတယ်ပေါ့။ အဲသလို မဖြစ်အောင် ကာကွယ်ချင်ရင်တော့ ကိစ္စပြီးတဲ့နောက် နောက်တစ်ကြိမ် စခန်းမသွားခင် (၀ါ) နောက်တစ်ကြိမ် ကိစ္စမပြီးခင် စပ်ကြားကာလမှာ ဆီးသွားလိုက်ခြင်းအားဖြင့် ဆီးလမ်းကြောင်းတစ်လျှောက်မှာ မတော်တဆ ကျန်ရစ်ခဲ့လေမယ့် သုက်ပိုးများကို ရှင်းထုတ်ပစ်လိုက်နိုင်ပါတယ်။
နောက်တစ်ချက်က သည်နည်းရဲ့ စိတ်ချရမှု အတိုင်းအဆပါ။ လေ့လာချက်များအရ ကိန်းဂဏန်းနဲ့ ပြောမယ်ဆိုရင် အမျိုးသားက အပြင်မှာ ကိစ္စပြီးတဲ့ နည်းဟာ တစ်နှစ်မှာ ၁၅ ရာခိုင်နှုန်းကနေ ၂၈ ရာခိုင်နှုန်းအထိ မအောင်မြင်ပါဘူးတဲ့။ ဆိုလိုတာက သည်နည်းကို သုံးလျက်နဲ့ ကိုယ်ဝန်ရှိသွားသူ အမျိုးသမီးက နှစ်စဉ် အမျိုးသမီး တစ်ရာမှာ ၁၅ ယောက်ကနေ ၂၈ ယောက်အထိ ဖြစ်နိုင်ပါသတဲ့။ ဆေးသုံးမယ်ဆိုရင်တော့ ကိုယ်ဝန်ရှိသွားသူက တစ်နှစ်ကို တစ်ရာမှာ နှစ်ယောက်မှ ရှစ်ယောက်အထိသာ ရှိနိုင်တယ်ဆိုပဲ။အိုင်ယူဒီလို့ခေါ်တဲ့ သားအိမ်ထဲကို တည့်သွင်းသုံးစွဲရတဲ့ ကိရိယာကို သုံးစွဲမယ်ဆိုရင်တော့ စိတ်အချရဆုံးဖြစ်ပါတယ်။ အဲဒါက တစ်နှစ်ကို တစ်ထောင်မှာမှ ရှစ်ယောက်မျှသာ ကိုယ်ဝန်ရှိစေနိုင်တယ်လို့ ဆိုတာကိုး။ ကွန်ဒုံးကိုလည်း စိတ်ချရတယ်လို့တော့ ဆိုမထားဘူးခင်ဗျ။
ကွန်ဒုံး မှန်မှန် သုံးပါလျက်နဲ့ ကိုယ်ဝန်ရှိသွားသူတွေကလည်း တစ်နှစ်ကို တစ်ရာမှာ ၁၀ ယောက်မှ ၁၈ ယောက်လောက် အထိ ရှိတယ်လို့ လေ့လာချက်တွေက ပြောနေပြန်တာကိုး။အပြင်မှာ ကိစ္စပြီးတဲ့နည်းမှာ စိတ်မချရပုံက အဲဒီ့ ကနဦး အရည်ကြည်ထက် စခန်းသွားနေချိန်မှာ အမျိုးသားကိုယ်တိုင် သတိမထားမိလိုက်ဘဲ သုက်ရည် အနည်းအပါး ထွက်သွားတတ်တာမျိုးကြောင့်ပါပဲ။ အဲဒါကို အမျိုးသားကိုယ်တိုင်တောင် သတိမထားလိုက်ဘူးဆိုမှတော့ အမျိုးသမီးက သတိထားမိဖို့ သာတောင် ခဲယဉ်းသေးတာပေါ့။ အဲလိုနဲ့ပဲ ကိုယ်ဝန်ရှိကုန်တဲ့ အမျိုးသမီးတွေ သည်လောကမှာ မနည်းပါဘူး။အဲတော့ ကျွန်တော့်ကို မေးလာသူ “မတရုတ်မ” အနေနဲ့က ဆရာဝန်နဲ့ တိုင်ပင်ပြီး အိုင်ယူဒီထည့်တာမျိုးကို လုပ်လိုက်မယ်ဆိုရင် ယောက်ျားကလည်း သူ့ကို ကွာသွားမှာ မဟုတ်သလို စိတ်မချ လက်မချ စခန်းသွားနေစရာလည်း လိုတော့မှာ မဟုတ်ပါဘူး။
နောက်အားသာချက်တစ်ခုက အိုင်ယူဒီက သောက်ဆေးလိုမျိုး မဟုတ်တာကြောင့်မတရုတ်မ မသောက်ချင်တဲ့ ဆေးလည်း သောက်စရာ မလိုဘူး။ ကလေးလိုချင်တဲ့အခါကျရင်လည်း အလွယ်တကူ ဖယ်ရှားလိုက်ပြီး ချက်ချင်း ကလေး ယူလို့ ရနိုင်တာမျိုးမို့ သည်နည်းကို အကြံပြုလိုက်ချင်ပါတယ်။အရေးကြီးလှတဲ့ အချက်ကတော့ အမျိုးသားက အပြင်မှာ ကိစ္စပြီးခြင်းအားဖြင့် HIV အပါအ၀င် လိင်မှ တစ်ဆင့် ကူးစက်တဲ့ရောဂါ များကို ကာကွယ်ပေးနိုင်စွမ်း လုံးဝမရှိဘူး ဆိုတာပါပဲ။
Credit:အတ္တကျော်

" အမျိုးသမီးများ ကိုယ့်ဖာသာကိုယ် ဆန္ဒဖြေဖျောက်ခြင်းရဲ့ အကြောင်း "

မေး - ဆရာရှင့် ကျမ အခု ရောဂါတခု ခံစားနေရလို့ စိတ်ပူလို့ ဆရာ့ကို မေးတာပါ၊ရင်ဖွင့်တာပါရှင့်။ ကျမ အသက်က ၃၂ နှစ် ရှိပါပြီ။ အပျိုပါရှင့်။ ကျမအရမ်းချစ်တဲ့ ချစ်သူတယောက် ရှိပါတယ်။ ပြောချင်တာက ကျမ တခါမှ ယောက်ျားနဲ့ တူတူမနေဘူးပါဘူး။ ချစ်သူရှိတယ်ဆိုတာကလည်းသူက အဝေးမှာပါရှင့်။ ကျမမှာ မကောင်းတဲ့အချက်တခုရှိပါတယ်။ ကျမ လိင်ဆက်ဆံချင်တဲ့စိတ် ခဏခဏဖြစ်ပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ ၅ နှစ်လောက်တည်းက ကိုယ့်ဖာသာကိုယ် ဆန္ဒဖြေဖျောက်တဲ့ အကျင့် ဖြစ်သွားခဲ့ပါတယ်။ ကျမ သွားတိုက်တံ လက်ကိုင်ထူထူနဲ့ဟာမျိုးနဲ့ ၁နှစ်လောက်ထိ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း ကိုယ့်လက်နဲ့ကိုယ်ပဲ လုပ်ပါတယ်။မလုပ်ရင်လည်းကျမတကယ် မနေနိုင်တော့လို့ပါရှင့်။ အမှန်ဆိုရင်တော့အဲလိုမျိုးကို မလုပ်ချင်ပါဘူး။ အဲလိုလုပ်တာ အပြစ်ရှိလားရှင့်။ အခု ကျမပြောချင်တာက ကျမရဲ့ သားအိမ်လို့ထင်ရတဲ့ဘယ်ဘက်ဆီးခုံအထက်နားကတခါတခါဆိုရင် အရမ်းနာပါတယ်။ဆိုင်ကယ်စီးတဲ့အခါမျိုးမှာလည်း နာပါတယ်။ နောက်ပြီးလိင်ဆက်ဆံချင်တဲ့စိတ် ဖြစ်ရင် အခုနောက်ပိုင်း ကြောက်လို့ ဘာနဲ့မှမလုပ်ဖြစ်ပါဘူးရှင့်။ အဲဒါဆိုလည်း အဲလိုစိတ် ဖြစ်လာတော့လည်း နာပါတယ်ရှင့်။ အဲဒါ ကျမ သားအိမ်မှာ ရောဂါများ ရနေတာလား၊ ကျမလိင်ဆက်ဆံချင်တဲ့စိတ်က ခဏခဏဖြစ်တာလည်း ရောဂါလားရှင့်။နောက်ပြီးကျမရည်းစားနဲ့အိမ်ထောင်ကျခဲ့ရင်ကော ကျမအဲလိုမျိုးတွေ လုပ်ခဲ့ဖူးတာ ပြောပြရမှာလားရှင့်။ ကျမကို ဖြေကြားပေးပါရှင့်။ 
ဖြေ မိန်းမဖြစ်ဖြစ် ယောက်ျားဖြစ်ဖြစ် လိင်ဆက်ဆံချင်တဲ့စိတ် ခဏခဏဖြစ်တာနဲ့ ကိုယ့်ဖာသာကိုယ် ဆန္ဒဖြေဖျောက်တဲ့အကျင့်ရှိတယ်ဆိုတာ ပုံမှန်စိတ်ဖြစ်တယ်။အဲလိုမဖြစ်ရင်သာ ဆေးကုဘို့လိုပါတယ်။ ၁၉၅ဝ တုံးက Alfred Kinsey(အဲလ်ဖရက်-ကင်ဆေး) လုပ်တဲ့ သုတေသနအရ ယောက်ျား ၉၂% နဲ့ မိန်းမ ၆၂% ဟာ ဘဝတသက်တာမှာ ဖါသာ-အာသာဖြေတာ လုပ်ကြတာကို သိရတယ်။ ၂ဝဝ၇ ခုနှစ် ဗြိတိန်မှာလေ့လာမှုလုပ်တော့လဲ အသက်၁၆ နှစ်ကနေ ၄၄ နှစ်ကြား ယောက်ျား ၉၅% နဲ့ မိန်းမ ၉၁%လုပ်ဖူးကြတာ သိရတယ်။ ၂ဝဝ၉ ခုနှစ်မှာ ဗြိတိန်၊ နယ်သာလင် နဲ့ ဥရောပနိုင်ငံတွေက ဆယ်ကျော်သက်တွေကို နေ့တိုင်း Masturbation (မာစတာဘေးရှင်း) လုပ်စေဘို့ အားပေးခဲ့တယ်။ Orgasm (အော်ဂဇင်မ်)လိင်ဆန္ဒပြည့်ဝမှုဆိုတာ အခွင့်အရေးတရပ် ဖြစ်တယ်လို့တောင် လက်ကမ်းကြော်ညာမှာ ပါသေးတယ်။ ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်တခုက Teen pregnancy ဆယ်ကျော်သက်-ကိုယ်ဝန်ရမှာနဲ့STDsလိင်ကတဆင့် ကူးစက်ရောဂါတွေကို ကာကွယ်စေဘို့ဖြစ်ပါတယ်။ ဒီခေတ်မှာ Safe sex လို့ လူသုံးများလာပြီ။ စိတ်ချရတဲ့ လိင်မှုရေးရာလို့ ပြောချင်တာပါ။ HIV-AIDS ရောဂါ၊ အသဲရောင် ဘီ-စီ တွေပါမကူးစက်နိုင်ပါ။ Benefits ကောင်းကျိုးတွေ •Intercourseတကယ်တန်းလိင်ဆက်ဆံဘို့အဆင်မပြေချိန်မျိုးမှာ လုပ်နိုင်လိုတခြားမသင့်တာမျိုးအားကိုးစရာမလိုတဲ့ အစားထိုးနည်းကောင်း ဖြစ်တယ်။ •Masturbation လုပ်တာကြောင့် လိင်ဆက်ဆံရာမှာ Fertility မျိုးပွါးစေရေးအားပေးတယ်။၂ဝဝ၉ခုနှစ် သြစတြေးလျ လေ့လာမှု တခုအရ နေ့တိုင်း သုက်လွှတ်ခြင်းဟာသုက်ပိုး-ကျန်းမာရေးကို အားပေးတယ်။ •Femalemasturbationအမျိုးသမီးတွေ ဖါသာ-အာသာဖြေ တာကြောင့် ဗဂျိုင်းနာ၊သားအိမ်ဝ နဲ့ သားအိမ်တွေမှာ အပြောင်းအလဲတွေ ဖြစ်စေတယ်။ ဒါတွေကနေ သန္ဓေရစေဘို့ ပိုပြီးအဆင်ပြေစေမယ်။ ကလေးမရလို့ သုက်ပိုးကို အပြင်ကနေ ထည့်ပေးနည်း လုပ်အပြီး၁-၄၅ မိနစ်အတွင်းမှာ Orgasm ရစေအောင်လုပ်နိုင်ရင် သုက်ပိုးက လိုရာခရီးကိုကောင်းကောင်း ရောက်စေတယ်လို့သိရတယ်။ မ-မျိုးဥနဲ့တွေ့စေဘို့ ဖြစ်ပါတယ်။ •Femalemasturbationကြောင့်သားအိမ်ဝကအချွဲကို အက်စစ် ဓါတ်ပိုစေတာမို့ရောဂါပိုးဝင်မှာကို အဟန့်အတားပြုရာ ကျတယ်။ 
•Relieve depression စိတ်ကျတာကို သက်သာစေပြီး၊ Higher sense of self-esteemကိုယ့်ကိုယ်ကိုကျေနပ်မှုပိုစေတယ်လို့ စိတ်ကျန်းမာရေး အရေးအသားတွေမှာ ဖတ်ရမယ်။ 
•Mutualmasturbationဆိုတာနှစ်ဦးသားအပြန်အလှန် လိင်စိတ်ဖြေပေးကြတာဖြစ်တယ်။ ဘယ်လိုနေရာကို ဘယ်လို လုပ်တာကို တဖက်သားသဘောကျတယ် ဆိုတာကို ဖေါ်ထုတ်ပေးမယ်။ 
•(STDs)လိင်ကတဆင့်-ကူးစက်ရောဂါတွေဖြစ်မှာကိုပါနည်းစေတယ်။ 
•Masturbationလုပ်ပြီးSexualclimax ရစေတယ်ဆိုရင် Relaxed ကိုယ်ရောစိတ်ပါပြောလျှော့သွားပြီး Contented state ကျေနပ်မှုရစေမယ်။ Drowsiness and sleepအိပ်ပျော်စေမယ်။ 
•တချို့ဆရာဝန်တွေက(မာစတာဘေးရှင်း)လုပ်တာဟာ Cardiovascular workoutနှလုံး-သွေးကြောဆိုင်ရာ လေ့ကျင့်ခန်းလို့ ယူဆကြတယ်။ သွေးတိုးကို ကျစေတယ်။ 
• ကိုယ်ဝန်မရစေဘူး။ Risks ဘာတွေကို ဂရုစိုက်ရမလဲ •လက်ကိုမတိုင်ခင်အသေအခြာရေဆေးပါ။ လက်သည်းဖြတ်ထားရမယ်။ လက်မှာ အနာအဆာမရှိရဘူး။ 
•အသုံးပြုတဲ့ကိရိယာပစ္စည်းကြောင့်ဘေးဖြစ်မှာသတိထားပါ။ ဂျာမနီမှာတခါကအမျိုးသမီးတယောက်ခဲတန်က ဆီးအိမ်ထဲ ရောက်နေတာ ဖြစ်ဘူးတယ်။ ဗဂျိုင်းနား နဲ့ဆီးသွားပေါက် မှားသွားလို့ဖြစ်တယ်။
 •စအိုကိုထိကိုင်ရင်ပိုသတိကြီးရမယ်။ စအိုသုံးသူတွေဆိုရင် Latex gloves(လေးတက်စ်) လက်အိပ်သုံးရမယ်။ ရေကိုအခြေခံလုပ်တဲ့ Lubricant ချောဆီသုံးရမယ်။ စအိုနဲ့ ဗဂျိုင်းနား အပြန်အလှန်လက်သွားတာ မကောင်းဘူး။ •Fingercot(Fingercondom)လက်ဖျားထိပ်(ကွန်ဒွမ်) ဆိုတာလဲရှိတယ်။အထဲမှာကျွတ်ကျန်နေမှာကို သတိထားရတယ်။ Methods နည်းလမ်းတွေ “ဘယ်နည်းကအကောင်းဆုံးသလဲမပြောနိုင်ပါ”လို့PaulJoannides စိတ်အထူးကုဆရာဝန်က ဆိုပါတယ်။ အများဆုံး သုံးကြတာက (၁) Fingers နဲ့ (၂)Vibrators ကရိယာဖြစ်တယ်။ အမေရိကားမှာတော့ လေ့လာမှုတခုထဲက “အသက် ၁၈ ကနေ ၆ဝနှစ်ကြားရှိအမျိုးသမီးပေါင်း၂ဝ၅၆ယောက်ထဲမှာ တဝက်ကျော် က Vibrator သုံးတယ်”လို့ Indiana University အင်ဒီယာနာ- တက္ကသိုလ် Center for Sexual HealthPromotionကတွဲဖက်- ဒါရိုက်တာDebbyHerbenickကဆိုပါတယ်။ သူတို့ဟာ Masturbationဖါသာ-အာသာဖြေတာမှာရောIntercourse လိင်ဆက်ဆံရာမှာပါ သုံးကြတယ်။ Fingering လက်ကိုသုံးတဲ့နည်း 
•Vaginalfingeringဗဂျိုင်းနာထဲ လက်ချောင်းထည့်ခြင်း ဆေးစကားလဲဖြစဥပဒေသုံးလဲဖြစ်တယ်။လက်ချောင်း တချောင်း၊ တချောင်းမက ဖြစ်နိုင်တယ်။လက်တခုလုံးဆိုတာလဲ ရှိသေးတယ်။ 
•Clitorisမ-အစိ၊ Vulva မိန်းမကိုယ်၊ Vagina (ဗဂျိုင်းနား) တွေကို လက်နဲ့ပွတ်သပ်တာ၊ ကလိတာ၊ ထိုးသွင်းတာတွေ ပါမယ်။ 
•ရည်ရွယ်ချက် ၂ ခုရှိတယ်။ Sexual arousal and stimulation လိင်စိတ်ဖြစ်စေ၊ကဲစေဘို့နဲ့Orgasmလိင်ဆန္ဒ ပြည့်ဝစေဘို့ ဖြစ်တယ်။ 
•ဒီလိုလုပ်တာချည်းနဲ့အဆုံးသပ်တာရှိသလိုတကယ့်လိင်ဆက်ဆံမှုရဲ့ အစိတ်အပိုင်းအဖြစ်လဲ Foreplay အစပိုင်းမှာဖြစ်ဖြစ် Sexual activitiesကြားကာလမှာဖြစ်ဖြစ် လုပ်နိုင်တယ်။ 
•Mutualmasturbationနှစ်ယောက်သားအပြန်အလှန် အာသာဖြေပေးတာမှာလဲသုံးနိုင်သလို Finger oneself တယောက်ထဲလဲ လုပ်နိုင်တယ်။ 
• မိန်းမတယောက် Orgasm (အော်ဂဇင်မ်) ရစေဘို့ရာ Massage of the vulvaမိန်းမကိုယ်နေရာကို ပွတ်သပ်ခြင်းနဲ့ အထူးသဖြင့် Clitorisမ-အစိကိုပွတ်သပ်ခြင်းဟာ အဓိကအရေးပါတယ်။ 
•Clitoralbodyမ-အစိကိုယ်ရောShaftအရင်နေရာပါ သုံးနိုင်တယ်။ အများအားဖြင့်Skin of the clitoral hood မ-အစိအထက်နေရာ အရေပြားကို ထက်-အောက်၊ ဘယ်-ညာ၊စက်ဝိုင်းလို ကြိုက်သလို လုပ်နိုင်တယ်။ 
• Labia မိန်းမကိုယ် နှုတ်ခမ်းသားတွေနဲ့ ကျန်နေရာမှန်သမျှကိုလဲ အသုံးပြုနိုင်တယ်။Fingering the vagina (ဗဂျိုင်းနား) ထဲကို လက်ထည့်တာလဲ လုပ်ပါတယ်။ 
•G-Spotဆိုတာကိုထိမိစေရတယ်လို့လဲ ပြောကြတယ်။ (ဗဂျိုင်းနား) ရဲ့ရှေ့(ရှေ့ဆိုတာ ပက်လက်အိပ်နေရင် အပေါ်ကိုပြောတာပါ) ၅ စင်တီမီတာနေရာမှာလို့ ဆိုတယ်။ 
• A-spot က သူ့ထက် ပိုနက်တဲ့နေရာမှာ ရှိတယ်။ • ဒါပေမဲ့ အဲဒီနေရာတွေ တကယ်ရှိ-မရှိ ငြင်းနေကြဆဲဖြစ်တယ်။ •ကိုယ့်ဖါသာကိုယ်လုပ်သူတွေကဘယ်နေရာကို ဘယ်လိုလုပ်ရင် ကျေနပ်မှုပိုစေမယ်ဆိုတာကိုယ်တိုင်သိပါတယ်။ ဆရာဝန်မလိုပါ။ သာယာမှုရရင် အရည်ပိုစိုစွပ်လာမှာ အမှန်ပါ။ 
•G-Spotejaculationဆိုတာကျေနပ်မှု ကောင်းလွန်းပြီး အရည်ဟာ Urethraဆီးထွက်လမ်းကနေ ထွက်တယ်။ Urine ဆီးတော့ မဟုတ်ဘူး။ 
•အမျိုးသမီးတွေ Orgasm ပြီးတဲ့အခါ ထွက်တဲ့အရည် Female ejaculate ထဲမှာAntibodies (အင်တီဘော်ဒီ) တမျိုးပါတယ်။ အဲဒါဟာ ယောက်ျားတွေ Prostateဆီးကျိတ်ကထွက်တာနဲ့အလားတူတယ်။ အတွင်းကျကျအထိ လက်ထည့်ရမှာမို့ လက်ချောင်းသုံးတာကြောင့် A-spot ကိုထိစေဘို့ နည်းတယ်။ Vibrator တုန်ခါမှုရှိတဲ့ ကရိယာနည်း 
•(ဗစ်တိုးရီးယား)ခေတ်ကFemalehysteriaအမျိုးသမီး (ဟစ်တီးရီးယား)ရောဂါကုသနည်း တခုထဲမှာ Masturbation နည်းပါတယ်။ Pelvic massage လို့သာခေါ်သေးတယ်။ ခေတ်ပေါ်Vibratorsနဲ့Sextoysတွေဟာ ၁၉၈ဝ နောက်ကစပြီး ပေါ်ပြူလာဖြစ်လာတယ်။ 
•၂ဝဝ၉လေ့လာမှုတခုအရအမေရိကားမှာ ၁၈-၆ဝ နှစ်အရွယ်ရှိ ယောက်ျား ၄၆% နဲ့ မိန်းမ၅၃% ဟာ Vibrator သုံးသတဲ့။ • မိန်းမ ၃ဝ% ကသာ ပုံမှန် ဖိုမ ဆက်ဆံရာကနေ (အော်ဂဇင်မ်) ရတယ်။ အဲဒါအတွက်Vibrators ကို သုံးဘို့ ဆရာဝန်တွေက ညွှန်တယ်။ Masturbation အတွက်ရောIntercourse အတွက်ပါ အသုံးခိုင်းတာ ဖြစ်ပါတယ်။ 
• Clitoral vibrator ဆိုတာ သပ်သပ်လာသေးပေမဲ့ အားလုံးဟာ ဒီနေရာကိုထိမိစေရတာဖြစ်တယ်။ဒီဇိုင်းကတော့ အမျိုးမျိုးရှိတယ်။ oG-SpotVibratorဆိုတာလဲလာသေးတယ်။ခပ်ကောက်ကောက်ပုံရှိတယ်။ o Dildo-shaped ဆိုတာ ယောက်ျား-အင်္ဂါပုံအတိုင်း အရွယ်တူ လုပ်ထားတဲ့ကစားစရာမျိုးဖြစ်တယ်။ Plastic (ပလပ်စတစ်)၊ Silicone (စီဘီကွန်)၊ Rubber(ရာဘာ)၊ Vinyl (ဗီနိုင်းလ်) နဲ့ Latex (လေးတက်စ်) ပစ္စည်းတွေနဲ့ လုပ်ထားတယ်။ o Waterproof လဲရှိတယ်။ ရေချိုးခန်းမှာ သုံးနိုင်ဘို့ ဖြစ်တယ်။ o Egg-shaped vibrator နဲ့ Rabbit ဆိုတာတွေက ဗဂျိုင်းနာရော (ကလိုက်တောရစ်)ကိုပါ ထိမိစေဘို့ လုပ်တားတယ်။ 
•ကနေဒါနိုင်ငံက(တိုရွန်တို)လေ့လာမှုအရ ဖါသာ-အာသော ဖြေရာမှာ (ဘိုင်ဗရေတာ) ကိုအသုံးများရင် တကယ်တန်း ခင်ပွန်း-အဖေါ်နဲ့ဆက်ဆံချိန်မှာ (အော်ဂဇင်မ်) ရတာကို Desensitize ပြောင်ပြန်အကျိုး သက်ရောက်စေနိုင်တယ်လို့ သတိပေးတယ်။ အဲဒီ ဆရာဝန်ကသူ့လူနာတွေကို (အိုက်စ်ခရင်မ်) ကို နေ့တိုင်း မစားချင်ကြသလို နေသင့်တယ်လို့အကြံပေးတယ်။ Autonomicnervous system အလိုအလျှောက် သက်ရောက်တဲ့ အာရုံကြောစနစ်ကအကျင့်ရသွားစေမယ်လို့ ပြောတာ ဖြစ်ပါတယ်။ 
• Vibrator သုံးရင် လိင်အင်္ဂါနေရာမှာ နာတာ-ထုံတာ ဖြစ်မလား သတိထားသင့်တယ်။ Herbenick's vibrator survey သုတေသနအရ ၃ဝ% မှာ အဲလိုဖြစ်တယ်။ တခြားနည်းတွေ 
•တချို့ကBack of avibrating toothbrush head တုံခါမှု လုပ်ပေးနိုင်တဲ့ သွားတိုက်တံခေါင်းရဲ့ နောက်ဖက်၊ • တချို့က Handle of a hairbrush ခေါင်းဘီး လက်ကိုင်ရိုး၊ 
• တချို့က Water jets in the bathtub ရေချိုးခန်းက ရေပန်း ထိပ်ဖျား သုံးကြတယ်။ • တခြားနည်းနာတွေလဲ ရှိမှာပါ။ ရောဂါမဟုတ်ပါ 
•မိန်းကလေးတွေလဲယောက်ျားလေးတွေလိုဘဲ ဖါသာအာ သာဖြေဖျောက်တာလုပ်မိတာကို Feelguilty အပြစ်လုပ်သလို ခံစားတတ်ကြတယ်။ Sex therapists လိင်အထူးကု ဆရာဝန်တွေကတော့ အဲလို မထင်မြင်သင့်ဘူးလို့ ဆိုပါတယ်။ •Moodစိတ်မူ၊Spiritsစိတ်ဓါတ်တက်စေမယ်။ စိတ်ကျနေသူတွေကို သက်သာရာ ရစေမယ်။ Solosexတယောက်ထဲစခန်းသွားတာမို့ကိုယ့်အဖေါ်ဘယ်လိုနေမလဲ ဆိုတာစိတ်ကူးထည့်စရာလဲ မလိုဘူး။ 
• အဲလိုလုပ်တာဟာ ကိုယ့် ခင်ပွန်း-အဖေါ်ကို မချစ်လို့လဲ မဟုတ်ဘူး။ ကိုယ့်အတွက်ကိုယ်လုပ်တာသာဖြစ်တယ်။ သူနဲ့နေတဲ့အခါမှာလဲ ပိုပြီးသာလွန်ကောင်းမွန်စေနိုင်သေးတယ်။ သူ့ကိုကိုယ်ကနေ ဘယ်လိုကဘယ်လိုဆိုတာ ဆရာလုပ်နိုင်တယ်။ •ယောက်ျားနဲ့နေလို့(အော်ဂဇင်မ်)မရတတ်သူတွေ ဒီနည်းနဲ့ကူနိုင် တယ်။Lubrication စိုစွပ်မှု၊ Desire ဆန္ဒဖြစ်ပေါ်မှု၊ Arousal စိတ်နိုးထမှုနဲ့ Orgasm(အော်ဂဇင်မ်) တွေမျာ ပိုကောင်းစေတယ်။ 
• Pain နာတတ်တာလဲ သက်သာစေမယ်။ မနာတတ်သူတွေလဲ သုံးကြတာပါဘဲ။ 
• သိတဲ့အတိုင်း အမျိုးသမီးများဟာ စိုးရိမ်မှုများတတ်တယ်၊ ဖိစီးမှုများတတ်တယ်။ ဒါ့ကြောင့် စိတ်ဖြေလျှော့ပေးဘို ပိုလိုမယ်။ (မာစတာဘေးရှင်း) ကနေ ကူညီနိုင်တယ်။ 
•Migraine (မိုင်ဂရင်း) ခေါင်းမူး-ခေါင်းကိုက်ရောဂါ ရှိသူတွေကိုလဲ သက်သာရာရစေနိုင်တယ်။ ခပ်ရှားရှား တချို့လူနာတွေမှာ (အော်ဂဇင်မ်) ကနေ (မိုင်ဂရင်း)ထတတ်တယ်။ 
• Menstrual cramps ရာသီလာရင်နာတာ နဲ့ Premenstrual syndrome (PMS) ရာသီအလာခင် ဖြစ်ချင်တာတွေ ကိုပါ သက်သာစေမယ်။ 



Dr.တင့်ဆွေ

ကိုယ်ဝန်ရှိရင် ဘာလက္ခဏာတွေ ပြမလဲ

ကိုယ်ဝန်ရှိရင် အမျိုးသမီးများ ထူးခြားချက်ပေါင်း ၂၅ ချက်ရှိလာမယ်။
1. Missed period ရာသီထိန်မယ်၊
2. Unusual or abnormal period ရာသီ ကမောက်မဖြစ်မယ်၊
3. Positive Urine Pregnancy Test ဆီးစစ်ရင် ကိုယ်ဝန်ရှိတာသိမယ်၊
4. Positive Blood Pregnancy Test သွေးစစ်ရင် ကိုယ်ဝန်ရှိတာသိမယ်၊
5. Ultrasound Detection (အာလ်ထွာဆောင်း) ရိုက်ရင် ပေါ်မယ်၊
6. X-ray Detection ဓါတ်မှန်ရိုက်ရင် ပေါ်မယ်၊
7. Nausea and Vomiting ပျို့-အန်ချင်တယ်၊
8. Soreness of the Breasts ရင်သား နာမယ်၊
9. Enlargement of the Breasts ရင်သား ထွားလာမယ်၊
10. Frequent Urination ဆီးခဏခဏ သွားချင်လာမယ်၊
11. Strange Cravings ချင်ခြင်းတပ်လာမယ်၊
12. Fatigue အားယုတ်သလို ခံစားရမယ်၊
13. Just feeling pregnant ကိုယ့်ကိုယ်သိတယ်၊
14. Changes in libido လိင်ဆက်ဆံလိုစိတ် ပြောင်းလဲလာမယ်၊
15. Montgomery's Tubercules နို့ အရောင်ရင့်အဝိုင်းမှာ အသီးလေးတွေ ထွက်လာမယ်၊
16. Enlarging Uterus သားအိမ် ကြီးထွားလာမယ်၊
17. Movement ကလေးလှုတ်တာ သိလာမယ်၊
18. Colostrum from Breasts နို့ကို ညှစ်ရင် အရည်ထွက်မယ်၊
19. Enlarged Abdomen ဗိုက် ဖေါင်းကားလာမယ်၊
20. Change in uterine shape သားအိမ်ပုံစံ ပြောင်းလာမယ်၊
21. Palpation of the Baby ကလေးကို အပြင်ကနေစမ်းရမယ်၊
22. Fetal Heart Tones ကလေး နှလုံးခုန်တာ နားထောင်ရင် ကြားမယ်၊
23. Skin Changes အရေပြား ပြောင်းလဲလာမယ်၊
24. Stretch Marks အကြောပြတ်တာတွေ ပေါ်လာမယ်၊
25. Braxton Hicks Contractions ကလေးမွေးချင်သလို နာမယ်၊
ကိုယ်ဝန် စရှိတာရဲ့ ကိုယ်တိုင် သိနိုင်တဲ့ လက္ခဏာကတော့ ရာသီမလာတော့တာ ဖြစ်တယ်။ အဲဒီအချိန်မှာ ဆီးစစ်ရင် သိလာနိုင်တယ်။ ရာနှုန်းပြည့်တော့ အာမ မခံသေးပါ။ ဆီးစစ်တယ်ဆိုတာ ဆီးထဲမှာ Human chorionic gonadotropin (hCG) ခေါ်တဲ့ အချင်းနဲ့ ပတ်သက်တဲ့ ဟော်မုန်းကို စမ်းတာ ဖြစ်တယ်။ ဒီဓါတ်က သန္ဓေတည်ပြီးနောက် ၇-၁ဝ ရက်မှာ တိုင်းလို့-စမ်းလို့ရတဲ့အဆင့် ရောက်လာတယ်။ ကောင်းတာက ၁၄ ရက်အထိ စောင့်သင့်တယ်။ စမ်းသပ်နည်း အပေါ်မှာလဲ မူတည်သေးတယ်။ တချို့နည်းက 25 mIU of hCG နဲ့သိနိုင်ပြီး၊ တချို့နည်းက 250 mIU of hCG ရှိမှ သိနိုင်တယ်။
မနက်ခင်း အိပ်ရာထဆီးစစ်တာ သေခြာတယ်။ ရေလဲ မသောက်သေးဘဲ ၄ နာရီလောက် ဆီးအောင့်ထားပြီး သွားတဲ့ဆီးလဲ ရတယ်။ ကိုယ်ဝန် ၄-၅ ပတ်ရှိနေသူဆိုရင် ဘယ်အချိန်သွားတဲ့ဆီးဖြစ်ဖြစ် ရတယ်။
Blood pregnancy tests သွေးစစ်နည်းကိုလဲ လုပ်နိုင်တယ်။ ဆီးစစ်တာထက် ပိုသေခြာတယ်။ အရည်အသွေးရော အရေအတွက်ပါ စမ်းနိုင်တယ်။ ယေဘုယျ ပြောရရင် hCG ဟော်မုန်းက ကိုယ်ဝန်ရှိစ လတွေမှာ တရက်နဲ့ တရက် ဆတိုး များများလာတယ်။ ၄၈ နာရီခြား သွေးစစ်နေရင် ကိုယ်ဝန်ရဲ့အခြေအနေကို မှန်းလို့ပိုကောင်းမယ်။ ဆိုပါစို့ ကိုယ်ဝန်က ကောင်းပြီး ရင့်ရင့်လာတာ၊ ပျက်ချင်တာနဲ့ သားအိမ်ပြင်ပ သန္ဓေတည်တာ၊ အမွှာဖြစ်နေတာတွေ ခွဲသိမယ်။ ဒါပေမဲ့ ဒီလိုလုပ်ဘို့ လူတိုင်း မလိုပါ။
ရာသီလာရမဲ့ရက် မရောက်ခင် စမ်းလို့ Positive ပြနိုင်တယ်။ ရာသီလဲ မလာ၊ ဆီးစစ်တော့ မတွေ့ရင် ၂-၃-၄ ရက် စောင့်ပြီး ထပ်စစ်ပါ။ တချို့ဆေးညွှန်းတွေက ၇ ရက်တပတ် စောင့်ခိုင်းတယ်။ ၇ ရက်အကြာ တခါထပ်စစ်လို့ Negative အနုတ် ဖြစ်နေမယ်၊ ရာသီလဲ မလာသေးရင် ဆရာဝန်က စမ်းဘို့ လိုမယ်။